EP 14

177 16 2
                                    

ကျွန်မ ဒီနေ့ စျာပနအခန်းအနားပွဲတစ်ခုကို
ရောက်နေတာ။
ကျွန်မနဲ့အတူ ကင်ဆော့ဂျင်လည်းပါတယ်။
ပန်းပေါင်းစုံနဲ့အလှဆင်ထားတဲ့ အခေါင်းစင်ကြီးရှေ့မှာ ကပ်ထောင်ထားတဲ့ ဓာတ်ပုံကို
ကျွန်မနဲ့ ကင်ဆော့ဂျင်နဲ့ နှစ်ယောက်အတူ
ဂါဝရပြုပြီး ကန်တော့လိုက်တယ်။

ကန်တော့ပြီးတော့ ခေါင်းပြန်မော့တဲ့အချိန်
ဓာတ်ပုံထဲက အဘွားကြီးရဲ့မျက်နှာကို သေချာကြည့်မိတယ်။
သူ့မျက်နှာက ပြုံးရွှင်နေတာပဲ။
သူ သေရတာ ကျွန်မကြောင့်လို့ မသတ်မှတ်သလိုမျိုး။ ကျွန်မအပေါ် ကြင်နာနားလည်မှုတွေ ရှိနေသလိုမျိုး ပြုံးပြနေတာ။

ကျွန်မ မတ်တပ်ပြန်ရပ်လိုက်တယ်။
ကားလမ်းပေါ်မှာ တဖြေးဖြေးစီးကျလာတဲ့
အိုင်ထွန်းသွားတဲ့ သွေးတွေကို မျက်လုံးထဲမှာ
ရုတ်တရက် ပြန်မြင်ယောင်လာမိတယ်။
ကျွန်မ ခေါင်းမူးပြီး ခန္ဓာကိုယ်က တစ်ချက်ယိုင်သွားတော့ ကင်ဆော့ဂျင်က ကျွန်မလက်မောင်းကို ဖမ်းထိန်းတယ်။
သူက ရရဲ့လားမေးတော့ ကျွန်မခေါင်းပဲ ညိမ့်လိုက်တယ်။

ပြီးတော့ အင်္ကျီလက်မောင်းမှာ အဖြူလိုင်း
သုံးလိုင်းပါတဲ့ အနက်ရောင် ဇာပနဝတ်စုံကို
ဝတ်ထားတဲ့ ဒါရိုက်တာ ကင်နမ်ဂျွန်ဘက်လှည့်ပြီး ခါးကိုင်းပြီး ဂါဝရပြုလိုက်တော့ ဒါရိုက်တာ ကင်နမ်ဂျွန်ကလည်း ပြန်ပြီး ဂါဝရပြုတယ်။
ဒါပေမဲ့ ကျွန်မ မျက်နှာကို လုံးဝ မကြည့်ဘူး။
သူ့အကြည့်က ကြမ်းပြင်တစ်နေရာတည်းကိုပဲ အာရုံစူးစိုက်ထားတယ်။
သူ့မျက်နှာကို မမြင်ရတော့ ..
အထူးသဖြင့် သူ့မျက်လုံးတွေကို မမြင်ရတော့
သူ့စိတ်ကို ခန့်မှန်းကြည့်လို့ မရဘူး။

ကျွန်မနဲ့ ကင်ဆော့ဂျင် အခေါင်းစင်ထားတဲ့
အခန်းထဲက ပြန်ထွက်လာပြီး ဘေးအခန်းက
ဧည့်သည်တွေ စားသောက်ခန်းထဲကို ဝင်သွားလိုက်တယ်။
ကုမ္ပဏီက ဝန်ထမ်းတွေနဲ့တင် အခန်းကလူပြည့်နေပြီ။
ဒါရိုက်တာ ကင်နမ်ဂျွန်ရဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူတွေ။
မောင်နှမဝမ်းကွဲတွေလည်း ရောက်နေကြတယ်။

စီအီးအိုဟောင်း ကင်ယုံမင်နဲ့ သူ့မိန်းမက
စားပွဲတစ်ခုမှာ ထိုင်နေကြတယ်။
စီအီးအိုက ကျွန်မနဲ့ ကင်ဆော့ဂျင်ကို မြင်တော့
အသိအမှတ်ပြုကြောင်း ခေါင်းတစ်ချက်ညိမ့်ပြပြီး သူ့ မိတ်ဆွေတွေနဲ့ စကားဆက်ပြောနေတယ်။
စီအီးအိုရဲ့မိန်းမကတော့ ကျွန်မနဲ့ သူ့သားနဲ့
အတူရှိနေတာကို မကြိုက်သလိုမျိုး မကြည်ကြည့်နဲ့ စိုက်ကြည့်နေတယ်။

전정히  (Completed)Hikayelerin yaşadığı yer. Şimdi keşfedin