EP 11

180 17 12
                                    

ကျွန်မ သူနဲ့အတူ တစ်ညလုံး ရှိနေခဲ့ပြီး
မနက် ၅ နာရီလောက်မှ အိမ်ပြန်ရောက်လာခဲ့တယ်။

ကျွန်မ အိမ်ပြန်မအိပ်တာကို ပတ်ဂျီဂျီ ဘယ်လို
ထင်နေမလဲမသိ။
အရင်တစ်ခါ ဒါရိုက်တာ ကင်နမ်ဂျွန်နဲ့အိပ်တဲ့
ညတုန်းကလည်း သူ ဘာမှမမေးခဲ့ဘူးဆိုတော့
အခုလည်း ဘာမှမမေးလောက်ပါဘူးလေ။
သူက သူနဲ့မဆိုင်တဲ့ကိစ္စကို မဆိုင်သလိုပဲ
ခပ်အေးအေး နေတတ်တဲ့သူဆိုတော့
ကျွန်မအတွက် အဆင်ပြေပါတယ်။
ဒီတစ်ခုပဲ ... အဆင်ပြေတာပါ။

ကျွန်မ အိမ်ထဲဝင်သွားတော့ ချဉ်စုတ်စုတ်
အနံ့အသက်တစ်ခုက ကျွန်မနှာခေါင်းထဲကို
စူးခနဲ ဝင်လာတယ်။
ဧည့်ခန်းဆီကို ကြည့်မိတော့ ဆိုဖာခုံပေါ်မှာ
လှဲအိပ်နေတဲ့ ပတ်ဂျီဂျီကို တွေ့ရတယ်။
ဧည့်ခန်းစားပွဲပေါ်မှာတော့ ကြက်ကြော်အရိုး
အကျွင်းအကျန်တွေနဲ့ ဆိုဂျူပုလုင်း လေး၊ငါး
ပုလင်းလောက် တွေ့ရတယ်။
သူလည်း ညက သောက်နေခဲ့တာလား ...။
တစ်ယောက်တည်းပဲလား ...။
ဒါမှမဟုတ် အဖော်တစ်ယောက်ယောက်နဲ့လား ...။
ကျွန်မ သူ့အိမ်မှာနေတဲ့ အတောအတွင်း
ဘယ်ဧည့်သည်မှ အိမ်ခေါ်လာဖူးတာ
မဟုတ်တော့ သူတစ်ယောက်တည်း
သောက်ပွဲစားပွဲ ကျင်းပနေခဲ့တာဖြစ်မှာပေါ့။
သူ့မှာ ပျော်စရာကိစ္စတစ်ခု ရှိနေလို့လား ...။
ဒါမှမဟုတ် စိတ်ညစ်စရာ ရှိနေတာလား ...။
ကျွန်မ ညက အိမ်ပြန်မလာတာတောင်
သူ မသိဘူးထင်တယ်။
အဲ့ဒါပဲ ကောင်းပါတယ်လေ ...။

ကျွန်မလည်း ညက သောက်ထားတဲ့အရှိန်ကြောင့် အခုချိန်ထိ ခေါင်းက နောက်ကျိကျိဖြစ်နေတုန်းပဲ။
မြန်မြန်ရေချိုးပြီး လန်းဆန်းသွားအောင်
လုပ်မှဖြစ်မယ်။
ကုမ္ပဏီသွားရဦးမယ်မဟုတ်လား။

အေးစိမ့်နေတဲ့ရေတွေ တရဟောစီးကျနေတဲ့
ရေပန်းအောက်မှာ အချိန်အတော်ကြာအောင်
ရပ်နေရင်း ကျွန်မရဲ့နောက်ကျိကျိဖြစ်နေတဲ့
ခေါင်းကို ရှင်းထုတ်နေမိတယ်။
ဒါပေမဲ့ ခေါင်းမရှင်းသွားဘဲ အတွေးက
ဟိုမရောက်၊ ဒီမရောက်နဲ့ ပိုလို့တောင်
ရှုပ်ယှက်ခတ်နေခဲ့တယ်။
ရှုပ်နေတဲ့ အတွေးတွေကြားထဲကမှ
ညက ရီဝေဝေ၊ ရစ်မူးမူး ဖြစ်နေခဲ့တဲ့
အခြေအနေတစ်ခုဆီ ပြန်ရောက်သွားမိတယ်။

전정히  (Completed)Tempat cerita menjadi hidup. Temukan sekarang