EP 10

201 20 14
                                    

" ဘယ်သူပါလဲ .. "

" ဒီအချိန်ကြီး အနှောင့်အယှက်ပေးမိတာ
တောင်းပန်ပါတယ် ... ကျွန်တော် ဂျောန်ဂျောင်ဟီနဲ့ တွေ့ချင်လို့ပါ "

ပတ်ဂျီဂျီရှေ့မှာ ရှိနေတဲ့ သူ့ကို မြင်ပြီး ကျွန်မ
ချက်ချင်း မတ်တပ်ထရပ်လိုက်မိတယ်။
ပတ်ဂျီဂျီက တံခါးဘေးကို တိုးရပ်ပြီး ကျွန်မကို လှည့်ကြည့်လာတော့ သူက ဧည့်ခန်းမှာ
ထိုင်နေတဲ့ ကျွန်မကို မြင်ပြီး ညိုးငယ်နေတဲ့
မျက်နှာနဲ့ ကြည့်လာတယ်။

" အဖွဲ့မှူးဂျောန် "

" နင် .. ဒီကို ဘာလာလုပ်တာလဲ "

" ကျွန်တော် အဖွဲ့မှူးနဲ့ စကားခဏပြောလို့ ရမလား "

" အိမ်ထဲဝင်ဦးလေ "

ပတ်ဂျီဂျီက အိမ်ရှင်ပီပီ ဖိတ်ခေါ်တယ်။
ကင်ဆော့ဂျင်က ခေါင်းခါတယ်။

" ဟင့်အင်း .. ရပါတယ်၊ မဝင်တော့ပါဘူး ...
ကျွန်တော် အဖွဲ့မှူးနဲ့ စကား ပြောလို့ရမလား၊
ခဏပါပဲ .. "

သူက ကျွန်မကို တောင်းပန်တိုးလျှိုးတဲ့ ပုံနဲ့
ပြောလာတယ်။ အပြင်မှာ မိုးက ခပ်ဖွဲဖွဲ၊
ခပ်စွေစွေ ရွာနေတာမို့ သူ ဝတ်ထားတဲ့
အညိုဖျော့ဖျော့ သိုးမွှေးစွယ်တာအင်္ကျီရဲ့
ပုခုံးတစ်လျှောက်က ရေစိုပြီး အညိုရင့်ရင့်
ဖြစ်နေတယ်။
ရေစက်တင်နေတဲ့ သူ့ဆံပင်တွေကလည်း
စိုလဲ့လဲ့ဖြစ်နေတယ်။
သူ့မျက်လုံးတွေကလည်း မကြာခင်
ပြိုကျတော့မဲ့ မိုးတိမ်တိုက်တွေလို ညို့မှိုင်းမှိုင်း
အရိပ်အယောင်မျိုး ဖြစ်နေတယ်။

အဟင်း ... တမင် သနားစရာကောင်းအောင်
ဟန်လုပ်နေတာပဲ။
ဒီနေ့ တစ်နေ့ အလုပ်မလာဘဲ ကိုယ်ယောင်ဖျောက်နေပြီး ညမိုးချုပ်မှ ကျွန်မ အိမ်အထိ
ရောက်လာတယ်ဆိုတော့ ...
သေချာတယ် ကျွန်မကို အံ့သြတုန်လှုပ်ပြီး
ရင်ခုန်စိတ်လှုပ်ရှားသွားအောင် လုပ်တာ။
တကယ်လည်း အံ့သြတုန်လှုပ်ခဲ့ရပါတယ်။
ကင်ဆော့ဂျင် ...
ရှင်က တကယ် ဉာဏ်ကောင်းတဲ့ လူပါလား။

ကျွန်မ ခြေလှမ်းသွက်သွက်နဲ့ တံခါးပေါက်ဝဆီ
လျှောက်သွားလိုက်တယ်။
ကျွန်မနဲ့ ကင်ဆော့ဂျင်ကို တစ်လှည့်စီ ကြည့်ပြီး အကဲခတ်နေတဲ့ ပတ်ဂျီဂျီကိုတော့ မမြင်သလို
လျစ်လျှူရှုထားလိုက်တယ်။

전정히  (Completed)Where stories live. Discover now