[Unicode]
Jongin ခြံကြီးထဲက ထွက်လာခဲ့သည်...
သူ hyung ကို ရှာရမယ်....
လူတွေများ မပိုင်ဆိုင်ရခင်တုန်းကတော့ မရရအောင်လုပ်ယူကြတယ်....ပိုင်ဆိုင်သွားတော့ လက်နှီးစုတ်သာသာဘဲ သဘောထားကြတယ်....အဟက်! တရားမျှတလိုက်ကြတာ.....
Hyung ရဲ့ဘဝကို ကျွန်တော်အသိဆုံး.....
Hyung ရဲ့ဘဝလေးက အရမ်းသနားစရာကောင်းတယ်....ငယ်ငယ်လေးကတည်းက သူ့ဘဝသူရုန်းခဲ့ရတယ်....ကျွန်တော်ကသာ hyung ရဲ့ကျေးဇူးတွေကြောင့် ရွှေအိမ်ပေါ်မှာ စံခဲ့ရတယ်...အာ....ကျွန်တော့်ရဲ့မွေးစားမိဘတွေ...ကျွန်တော့်ကိုတော့ သိပ်ချစ်ကြပါတယ်...အရမ်းအလိုလိုက်တာပေါ့....လိုလေသေးမရှိအောင်ထားတယ်...ညီအစ်ကိုနှစ်ယောက်လုံးကိုမွေးစားလို့ရပါရက်နဲ့ ကျွန်တော်တစ်ယောက်တည်းကိုမွေးစားရတဲ့ အကြောင်းအရင်းက သူတို့ရဲ့ဆုံးသွားတဲ့သားနဲ့တူလို့တဲ့....
သူဌေးတွေများ လူလေးတစ်ယောက်ပိုကျွေးထားတော့ မွဲသွားမှာမို့လို့လားမသိ....ကျွန်တော်ပူဆာလို့ hyung ကိုတော့ တွေ့ခွင့်ပေးခဲ့သည်....
ကျွန်တော်မုန့်ဖိုးတွေစုထားတယ်....အိမ်က မွေးစားမိဘတွေမသိအောင် hyung ကိုပေးတယ်...ဒါပေမယ့် hyung ကမယူဘူး....
' hyung ကိုအထင်သေးတာလား ' တဲ့....ဟုတ်ပါတယ်လေ ညီရဲ့မုန့်ဖိုးကို ဘယ်အစ်ကိုကယူသုံးပါ့မလဲ....သူ့ဘာသာသူ အိမ်လေးငှားပြီး အချိန်ပိုင်းအလုပ်တွေနဲ့ အသက်ဆက်ခဲ့ရတယ်....
အဲ့လောက်ထိ အနစ်နာခံခဲ့တဲ့ hyung... ယောက်ဖ! မှားလို့! အခုတော့ ဘာမှမတော်တော့ဘူးပေါ့.... Chanyeol နဲ့ တွေ့တဲ့အချိန် hyung အတွက် ကံကောင်းခြင်းတွေဝင်လာပြီထင်မှတ်ခဲ့တာ....ကံဆိုးမှုတို့ရဲ့ အစပျိုးရာဖြစ်နေခဲ့မယ်ဆိုရင် ကျွန်တော်အစကတည်းက သူတို့နှစ်ယောက်ကို ခွဲခဲ့မှာ....
အခုအချိန်မှတော့ ဘယ်လိုမှ နောက်ပြန်လှည့်လို့မရတော့ဘူး....ဒါပေမယ့် ဒါတွေအကုန်လုံးကျွန်တော့်အမှားတွေ...
ကျွန်တော်သာ အစကတည်းက hyung ကိုတားခဲ့ရင်...
ကျွန်တော်သာ ရွှေအိမ်ပေါ်မှာ အခန့်သားမနေခဲ့ရင်...
ကျွန်တော်သာ hyung ကို အစောကြီးကတည်းက ဂရုစိုက်ပေးခဲ့ရင်....
ကျွန်တော်သာ hyung ကို ကာကွယ်ပေးခဲ့ရင်....ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး....
![](https://img.wattpad.com/cover/214700790-288-k192351.jpg)
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]
Fanfiction꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... 🌠Started in January 7, 2020🌠 🌠End in September 21, 2020🌠 𝑻𝒉𝒊�...