Part - 18

1.6K 186 87
                                    

[Unicode]

Baekhyun, Jonginnee နဲ့ နှစ်ယောက်သားစကားတွေပြောလိုက် ရယ်လိုက်မောလိုက်လုပ်နေတုန်းမှာ ဆိုင်ပြင်ဘက် ထောင့်အကွယ်တစ်နေရာမှာတွေ့လိုက်ရတဲ့လူတစ်ယောက်... မနက်ကခြံရှေ့မှာတွေ့လိုက်တဲ့လူနဲ့တူတယ်...

ဦးထုပ်ချွတ်လိုက်တဲ့တစ်ခဏတာမှာ မြင်လိုက်ရတဲ့မျက်နှာကြောင့် Baekhyun ရင်ထဲမှာ လှိုက်ခနဲတက်လာတဲ့ ဝမ်းသာမှုတွေက ရင်ဘတ်ကြီးပေါက်ထွက်မတတ်...

မောင်.. မောင်က သူ့ကိုကြည့်နေတယ်တဲ့လား... အိပ်မက်မက်နေတာလား... မဟုတ်လောက်ပါဘူး... ဒီရက်ပိုင်း မောင်ပိန်သွားတာဘဲ... ဟိုနေ့တွေက ကျွန်တော်သတိမထားမိတာ... မျက်ရည်တွေနဲ့မိတ်ဆွေဖြစ်နေလို့လေ...

သိသိသာသာချောင်ကျနေတဲ့ မောင့်မျက်နှာလေးကိုကြည့်ပြီး Baekhyun ခေါင်းထဲမှာ မေးခွန်းတွေတသီတစ်တန်းကြီးထွက်လာခဲ့သည်...

မောင်က ကျွန်တော့်နောက်ကိုလိုက်ပြီး ကျွန်တော့်ကိုဘာလို့ကြည့်နေခဲ့တာလဲ... အဲ့ဒါဆိုရင် မနက်က ကျွန်တော်မျက်စိမှားတာမဟုတ်ဘူးပေါ့... မနက်ကကျွန်တော်မြင်လိုက်တာ မောင်ဟုတ်တယ်မလားဟင်...

Baekhyun ခေါင်းထဲမှာမေးခွန်းတွေစီ‌နေတုန်း မောင့်ရဲ့မျက်ဝန်းအိမ်ထဲမှာ နေရာယူနေတဲ့ မျက်ရည်စတွေ...

မောင်ငိုနေတာလား... မောင်ကဘာလို့ ငိုနေတာလဲ... ပြုံးလာပြီ... မျက်ရည်တွေကြားထဲက မောင့်ရဲ့အပြုံးက ဘာလို့နာကျင်မှုတွေရှိနေရတာလဲ...

ကျောခိုင်းလို့လှည့်ထွက်သွားတဲ့မောင့်ရဲ့ကျောပြင်ကို Baekhyun ဒီတိုင်းလေးဘဲ ကြည့်နေမိတာ...

------------LITC-----------

Chanyeol ဆေးရုံကနေ ထွက်လာတဲ့အချိန်ကစပြီး Junmyeon hyung ရဲ့အိမ်ရှေ့ကို စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့သည်...
ထိုခြံရှေ့မှာဘဲရပ်စောင့်နေတာ နှစ်နာရီလောက်ကြာတဲ့အချိန်မှ ကျွန်တော်ချစ်ရသောလူသားလေးရဲ့အခန်းလေးက လိုက်ကာလေးပွင့်လာပြီ...

ဒီအချိန်ဆို ခုနစ်နာရီထိုးပြီ...
မောင်သိတာပေါ့.. ခုနစ်နာရီထိုးတာနဲ့ အိပ်ယာထတတ်တဲ့ သည်းငယ်ရဲ့အကျင့်လေးကို...
မောင်မှတ်မိတာပေါ့.. နိုးရင်မထဘဲ ခွေး‌ပေါက်လေးတွေလိုအီပြီး မောင့်ရင်ခွင်ထဲဝင်တို့တဲ့အကျင့်လေးကို...
မောင်တမ်းတမိတာပေါ့.. အိပ်ယာနိုးတာနဲ့ မောင့်ကိုပေးတတ်တဲ့ သည်းငယ်ရဲ့အနမ်းတွေကို...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now