Part - 22

1.2K 162 51
                                    

[Unicode]

ဒီရက်ပိုင်းအတွင်းမှာ မောင့်ရဲ့ရောဂါက ပိုပြီးပြင်းထန်လာသည်... အရင်လို ဟန်ဆောင်ပြီးတောင်မှ လန်းလန်းဆန်းဆန်းမနေနိုင်တော့... နှာခေါင်းသွေးလျှံတဲ့အခါနဲ့ သွေးတွေအန်တဲ့ အကြိမ်ရေလည်းပိုစိတ်လာသည်... တစ်ရက်တည်းနဲ့ အဖျားတက်တာလည်း အကြိမ်ကြိမ်အခါခါ... အရိုးအဆစ်တွေကလည်း လှုပ်ရှားလိုက်တာနဲ့နာလာတတ်တာကြောင့် အရင်ကလိုပင် လှုပ်ရှားမှုမလုပ်နိုင်တော့... ထိုအကြောင်းအရာတွေရဲ့ နောက်ဆက်တွဲကြောင့် အားနည်းနေတဲ့အခါ ကုတင်ပေါ်မှာဘဲ လှဲနေရတဲ့‌ မောင်...

တစ်လတဲ့.. တစ်လဆိုတဲ့အချိန်က မောင်နဲ့ကျွန်တော့်အတွက်အဖိုးတန်ဆုံးအချိန်တွေဖြစ်နေမလားတောင်မသိတော့...

မောင်ကတော့ အကြိမ်ကြိမ်ပြောပါသည်... ကလေးလေးမွေးလာရင် သည်းငယ် အားငယ်စိတ်တွေမဝင်အောင် မောင်က သည်းငယ်ကိုပိုချစ်ပေးပါ့မယ်တဲ့... ကလေးလေးနဲ့ပြိုင်ပြီး အချစ်တွေကိုမလုရဘူးနော်တဲ့...

ကျွန်တော်သိပါတယ်... မောင် ကျွန်တော့်ကိုပြုံးပြပြီး ဒီလိုစကားတွေကိုပြောနေတဲ့အချိန်မှာ မောင့်ရင်ထဲမှာ ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ... ညနက်သန်းခေါင်ကျမှ သန့်စင်ခန်းထဲမှာ မောင်မသိအောင် ငိုတာတွေလည်း မောင်ကသိနေလောက်ပါတယ်... ဒါပေမယ့် မောင်ကမသိချင်ယောင်ဆောင်ခဲ့တာတွေ ကျွန်တော်သိပါတယ်...

တစ်ခါတလေမှာ ဒီလိုဟန်ဆောင်မှုတွေနဲ့အသားကျအောင်နေရတယ်... ဒီလို တစ်ယောက်တည်းနာကျင်မှုတွေကို မြိုသိပ်နေရတာ အရမ်းပင်ပန်းပေမယ့် အပေါ်ယံမှာတော့ ပျော်ရွှင်နိုင်သေးတယ်မလား...

"မောင်~~~~~"

အသံတိုးလျလျက အေးစက်လှတဲ့အခန်းငယ်ထဲမှာ ပဲ့တင်သွားသည်...

တစ်စက်က‌လေးမှလှုပ်မလာတဲ့‌မောင်က မနေ့က ဆေးသွင်းလိုက်ရတာတွေများလို့ ပင်ပန်းနေတယ် ထင်ပါရဲ့... ပုံမှန်ဆိုရင် မောင်ကအိပ်ရေးဆက်တာကြောင့် အသံဘယ်လောက်တိုးတိုး ကျွန်တော်လာနှိုးတဲ့အခါတိုင်းတုံ့ပြန်မှုသေးသေးလေးတစ်ခုကတော့ပေးတတ်သည်သာ...

𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now