[Unicode]
"ကို!! တော်တော့လို့ ငယ်ပြောနေတယ်လေ!!"
"ငယ်~~~ ကိုယ့်ကြောင့်..ကိုယ့်ကြောင့်နဲ့..hyung က.."
"ကို့ကြောင့် မဟုတ်ပါဘူး...ကံတရားကြောင့်ပါ ကိုရယ်...ဆိုးရွားလွန်းတဲ့ကံတရားကြောင့်ပါ"
ငိုနေပြန်တဲ့ချစ်ရသူအား ကိုယ့်ရင်ခွင်သေးသေးလေးထဲကိုထည့်ကာ နှစ်သိမ့်ပေးမိသည်....
"Hyung က.."
"လျှောက်မတွေးနဲ့တော့နော်...အားလုံးက ကံတရားရဲ့စေညွှန်ရာအတိုင်းဖြစ်လာတာ...ဘယ်သူကြောင့်မှလည်းမဟုတ်သလို ဘယ်သူမှလည်း ကံတရားကို ဖန်တီးယူလို့မရနိုင်ဘူး..."
ကိုယ့်ရဲ့ရင်ခွင်ထဲမှာ ငိုရှိုက်နေတဲ့ချစ်ရသူရဲ့ခေါင်းမှာသွေးတွေရွှဲလို့....
အပေါ်မှ အလိုက်မသိကျဆင်းနေတဲ့ ရေပန်းကရေတွေကြောင့်လည်း ရေချိုးခန်းတစ်ခုလုံးက ရဲရဲနီခဲ့ပြီ....ချစ်ရသူရဲ့ ရင်ထဲကဒဏ်ရာတွေကို မသိနိုင်ပေမယ့် ဒီလိုခံစားနေတဲ့ပုံစံကိုတွေ့ရတော့ မျက်နှာလွှဲခဲပစ်နေရအောင်လည်း Kyungsoo အသည်းမမာနိုင်ဘူးလေ....
ကို ပြောပုံအရဆိုရင် ကို့ကြောင့်နဲ့ သူ့ hyung က တစ်ခုခုဖြစ်ခဲ့လို့လား...
ဒါမှမဟုတ် တစ်ခုခုကို ဆုံးရှုံးခဲ့ရလို့လား....Kyungsoo ဆုံးဖြတ်ချက်တစ်ခုချမှရမည်...
မဟုတ်ရင် ကိုက တွေးမိတွေးရာလျှောက်တွေးပြီး ဝမ်းနည်းတဲ့အခါတိုင်းမှာ သူ့ကိုသူ နာကျင်အောင်လုပ်တတ်တယ်ဆိုတာ ကို့အနားမှာ နေနေတဲ့အချိန်အတိုင်းအတာအရ သိခဲ့ပြီးပြီလေ....Kyungsoo ကို့ရဲ့အနားမှာနေပြီး ကို့ကိုနှစ်သိမ့်ပေးရမယ်....
ကို့အတွက် အထောက်အကူ မဖြစ်မှန်းသိပေမယ့် ကျွန်တော့်ချစ်ရသူအတွက် ဒီလောက်တော့လုပ်ပေးသင့်တယ်မလား....ငယ်ရဲ့ချစ်ရသူမှာ ဒဏ်ရာဒဏ်ချက်တွေရနေတာကို ရင်အကွဲခံပြီးကြည့်မနေနိုင်ဘူး ကို.....
ငယ်ရဲ့ရင်ခွင်ထဲမှာဘဲ လုံခြုံအောင် ထွေးပိုက်ပေးထားချင်တယ်....မလုံခြုံဘူးဆိုတာသိရက်နဲ့ပေါ့....ငယ့်ရဲ့အချစ်တွေနဲ့ ကို့ရဲ့ ဒဏ်ရာတွေကို ပြန်ပြီးကုစားပေးရင် ကို လက်ခံမှာလား....
ငယ့်ရဲ့ရင်ခွင်သေးသေးလေးထဲမှာဘဲ ပျော်မွေ့နိုင်မလား ကို....
ငယ့်ရဲ့မပြည့်စုံတဲ့ဘဝလေးကို ကို့ကိုအပိုင်ပေးမှာမလို့ လက်ခံပေးနိုင်မလား....
![](https://img.wattpad.com/cover/214700790-288-k192351.jpg)
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]
Fanfiction꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... 🌠Started in January 7, 2020🌠 🌠End in September 21, 2020🌠 𝑻𝒉𝒊�...