[Unicode]
"မင်းကို နေစရာလည်းပေးမယ်...မင်း! အခု ကလေးနဲ့ နေစရာမရှိဘူးမလား"
"ဗျာ!"
"သဘောတူတယ်မလား!!"
"ဗျာ!"
"တဗျာဗျာနဲ့ ကိုယ်အဲ့လောက် စိတ်မရှည်ဘူး ကလေး!"
"ဗျာ! ဟုတ်! ဒါ..ဒါပေမယ့် ကျွန်တော့်လို ကိုယ်ဝန်ဆောင်တစ်ယောက်ကို အလုပ်ပေးမယ်ဆိုတာက.."
"အဲ့ဒီအတွက် စိတ်မပူပါနဲ့! မင်းကို ပင်ပန်းတာတွေမခိုင်းပါဘူး! ကိုယ်က အဲ့လောက်ကြီး လူမဆန်တဲ့လူ မဟုတ်ပါဘူး!"
"အာ...ကျွန်တော်ပြောချင်တာ အဲ့ဒီသဘောမဟုတ်ပါဘူး...ကိုယ်ဝန်ဆောင်တစ်ယောက်ကို အလုပ်ပေးမယ်ဆိုတာက ထူးဆန်းလို့ပါ"
"လူကိုယ်တိုင်ရှိရက်နဲ့ သူများကို စောင့်ရှောက်ပေးပါလို့တောင်းဆိုတဲ့လူက ပိုထူးဆန်းတယ် မထင်ဘူးလား"
"အစ်ကိုပြောတာ ကျွန်တော်နားမလည်ဘူး"
"ထားပါ...မင်းလက်ခံမှာလား လက်မခံဘူးလား...အဲ့ဒါဘဲ ကိုယ်သိချင်တယ်"
ဒီအချိန်မှာ ဘာလုပ်သင့်လဲ....ကလေးလေးနဲ့ဆိုတော့ သူအဆင်ပြေတဲ့နေရာမှာနေရမှာဘဲ....ဒီလိုအချိန်ပိုင်းအလုပ်တွေလုပ်ပြီး ဖြစ်သလိုနေတာထက်စာရင် အခြေတကျအလုပ်လုပ်တာက ပိုပြီး အဆင်ပြေနိုင်လောက်တယ်မလား....
ကလေးမီးဖွားဖို့စရိတ်လည်း စုရမယ်...နည်းနည်းများများပေါ့...ဒီလို အလုပ်ပေးပြီး နေစရာပေးတာကိုက ကျေးဇူးတင်စရာကောင်းနေပြီ မဟုတ်လား...
"ကိုယ်သွားတော့မယ်! မင်းလည်းစဉ်းစားချိန်လိုမှာပေါ့!"
"ကျွန်တော်လက်ခံပါတယ်!!"
ကျွန်တော်ကပြာကယာနဲ့ပြောလိုက်မိတော့ ထသွားခါနီးအစ်ကိုက ခပ်ဟဟ ရယ်တယ်...
"မင်းရွေးချယ်မှုမှန်တယ် ကလေး! ကိုယ်နဲ့လိုက်ခဲ့! မင်းအလုပ်ရှင်နဲ့ မိတ်ဆက်ပေးမယ်!"
"ဟုတ်ကဲ့ အစ်ကို!"
ကော်ဖီဆိုင်ထဲကထွက်ပြီး ကျွန်တော် သူ့နောက်ကိုလိုက်သွားခဲ့တယ်...
"ကလေး! တက်!"
သူ့ကားနားကိုရောက်လာတော့ ကျွန်တော့်ကိုကားတံခါးဖွင့်ပေးတယ်...
![](https://img.wattpad.com/cover/214700790-288-k192351.jpg)
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]
Fanfic꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... 🌠Started in January 7, 2020🌠 🌠End in September 21, 2020🌠 𝑻𝒉𝒊�...