[Unicode]
"ကလေးလေး..ကလေးလေး!"
လန့်ကာနိုးလာတော့ တွေ့လိုက်ရတာ အဖြူရောင်မျက်နှာကျက်...လက်မှာလည်း ဆေးပိုက်တွေနဲ့...
အဲ့..အဲ့..အဲ့ဒါဆို သူဆေးရုံမှာပေါ့.....
ကလေးလေး...ကလေးလေးကရော!?"လူနာသတိရပြီလား? ဒီဆေးကုန်ရင်ပြန်လို့ရပါပြီ"
အနားကိုရောက်လာတဲ့ သူနာပြုတစ်ယောက်...
"ဆရာမ.. ကျွန်တော့်ကလေးလေး.."
"ကလေးကဘာမှမဖြစ်ပါဘူး... ဒါပေမယ့် ကလေးက နှလုံးခုန်သံကအားနည်းနေတယ်"
"စိုး..ရိမ်..ရလား..ဆရာမ"
မေးလိုက်တဲ့ စကားလုံးတွေက တုန်ရင်နေခဲ့သည်... မျက်ရည်စတွေလည်းတွဲခိုနေခဲ့သည်...
"နည်းနည်းပေါ့...ပုံမှန်မဟုတ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုတော့ အများကြီး ဂရုစိုက်ဖို့လိုတယ်"
"ဟုတ်ကဲ့... ကျေးဇူးပါဗျ... ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်"
သူနာပြုတစ်ယောက်ကို ခါးကျိုးမတတ်ကျေးဇူးတင်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့မျက်နှာမှာ ဝမ်းသာခြင်းကြောင့်ကျတဲ့မျက်ရည်တွေ...
"ကလေးလေးကိုကျေးဇူးတင်ပါတယ်...
appa ရဲ့ ဘဝထဲကထွက်မသွားခဲ့တာ ကျေးဇူးတင်ပါတယ်... ကလေးလေးကို appa အသက်နဲ့လဲပြီး စောင့်ရှောက်ပါ့မယ်"ဆေးရုံစရိတ်? သူ့ကို ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ? တစ်ယောက်ယောက်ပို့ခဲ့တာဆိုရင်လည်း စုံစမ်းပြီးတော့ ကျေးဇူးတင်စကားပြောရမှာပေါ့...
"ကလေးလေး....appa တို့ရဲ့ ကျေးဇူးရှင်ကိုသွားရှာရအောင်နော်"
ဗိုက်ပြားချပ်ချပ်လေးကိုကိုင်ကာ တိုးလျလျလေးပြောမိသည်...
ဆေးရုံကောင်တာမှာ သွားမေးကြည့်တော့ ဆေးရုံစရိတ်တွေက မရှင်းရသေးဘူးတဲ့...
ဒါပေမယ့် သူ့မှာ ပိုက်ဆံမှမရှိတာ...
ဆက်ပြောလာတဲ့ စကားတွေက ကူညီခဲ့တဲ့လူက အရေးကြီးကိစ္စရှိလို့ အပြင်ထွက်သွားတာတဲ့... သတိရလာရင် သူ့ကိုစောင့်နေဖို့ပြောခဲ့ပါတယ်တဲ့... အဲ့တော့လည်း စောင့်နေရမှာပေါ့...
![](https://img.wattpad.com/cover/214700790-288-k192351.jpg)
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]
Fanfiction꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... 🌠Started in January 7, 2020🌠 🌠End in September 21, 2020🌠 𝑻𝒉𝒊�...