[Unicode]
Chanyeol ခေါင်းတစ်ချက်ငြိမ့်ပြကာ အဝတ်အစားလဲပြီး ဦးထုပ်ကိုခပ်စိုက်စိုက်ဆောင်းလျက် ဆေးရုံကထွက်လာခဲ့သည်...
ခေါင်းကိုအသာမော့ပြီးကြည့်လိုက်တဲ့အချိန်မှာ မြင်တွေ့လိုက်ရတဲ့ ရောင်နီတန်းတစ်ချို့...မနေ့က သည်းငယ်ပြန်သွားကတည်းက သတိလစ်နေခဲ့တာဘဲ...
အိမ်ကိုကောင်းကောင်းပြန်ရောက်ပါ့မလား...
ဟိုတစ်ခေါက်ကလို လူရမ်းကားနဲ့မတွေ့လောက်ပါဘူး... အရင်တစ်ခါက သည်းငယ်နဲ့ကလေးလေးကို မကာကွယ်နိုင်လိုက်တာ မောင်တောင်းပန်ပါတယ်...အဲ့နေ့က သည်းငယ်မောင့်ဆီက ထွက်သွားတာ ၂၇ ရက်တိတိပြည့်တဲ့နေ့...
သွေးအိုင်ထဲမှာ မင်းကိုတွေ့လိုက်ရတဲ့အချိန်မှာ မောင့်ကမ္ဘာကြီးပျက်မတတ်ခံစားခဲ့ရတာ...
ရောဂါခံစားရလို့နာကျင်တဲ့ဝေဒနာထက် နှလုံးသားမှာအောင့်တက်လာတဲ့ခံစားချက်က ပိုပြီးဆိုးရွားလွန်းတယ် သည်းငယ်...
အဲ့ဒီနေ့က သည်းငယ်သာတစ်ခုခုဖြစ်သွားရင်...
ကလေးလေးသာတစ်ခုခုဖြစ်သွားခဲ့ရင် မောင် ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး သည်းငယ်...ဆေးရုံကုတင်ပေါ်မှာလှဲနေရတဲ့ မင်းရဲ့ပုံရိပ်လေးကို အခုထိမောင်မှတ်မိတုန်းဘဲ... ကလေးလေးကို မင်းတစ်ယောက်တည်း ကာကွယ်ရင်း ဘယ်လောက်တောင်များကြောက်နေခဲ့မလဲ...
ဒါပေမယ့် အဲ့နေ့ကလေ မောင်.. မောင်.. အရမ်းပျော်ခဲ့တယ်... သည်းငယ်သိလား... အဲ့နေ့က မင်းရဲ့ဗိုက်ထဲမှာကလေးလေးရှိနေတာကို သိလိုက်ရတဲ့နေ့... မောင့်ရဲ့သွေးသားလေးက သည်းငယ်ရဲ့ဗိုက်ထဲမှာရှိတယ်တဲ့...
ဒါပေမယ့်လည်း မောင်ဘာလုပ်လို့ရတော့မှာလဲ... ကံတရားက မောင့်ကိုမျက်နှာသာမပေးခဲ့ဘူး သည်းငယ်... မောင်ဆိုတာက ပျော်ရွှင်ခြင်းနဲ့မထိုက်တန်တဲ့လူသားတစ်ယောက်...
ဘယ်ဘဝကဝဋ်ကြွေးတွေကို ဆပ်နေရမှန်းမသိပေမယ့် ဘာလို့ အခုချိန်မှလဲ!! ရက်စက်လိုက်ကြတာ... ပျော်စရာမရှိတဲ့ဘဝထဲကို အလင်းရောင်လေးရောက်လာတာမှ မကြာသေးဘူး... အလင်းရောင်လေးကိုစွန့်လွှတ်ပြီး လောကကြီးကထွက်သွားရတော့မယ်တဲ့လား...
![](https://img.wattpad.com/cover/214700790-288-k192351.jpg)
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒏 𝒕𝒉𝒆 𝑪𝒂𝒈𝒆 - 𝑆𝑒𝑎𝑠𝑜𝑛 1 [ Cᴏᴍᴘʟᴇᴛᴇ ]
Fanfic꧁Ⓒ︎Ⓗ︎Ⓐ︎Ⓝ︎Ⓑ︎Ⓐ︎Ⓔ︎Ⓚ︎꧂ Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... Baekhyun က မောင်ဆိုတဲ့ အချစ်လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ အချစ်ငှက်လေးတစ်ကောင်..... 🌠Started in January 7, 2020🌠 🌠End in September 21, 2020🌠 𝑻𝒉𝒊�...