Our undying love-2 (Ep.32)(Uni)

565 55 0
                                    

အပိုင်း (၃၂)

ပန်းခင်းကြီး ကြားမှ​ပွေ့ချီ​ခေါ်လာကာ
သူ့ အိပ်​ယာ​လေး​ပေါ်အသာချ​ပေး​တော့
အရင်​တုန်းက သိပ်​ကို​ပျော်​ရွှင်​ခဲ့ဖူးတဲ့ အချိန်​တွေကို
ပြန်​လည်​သတိရမိသည်​။

" ဘယ်​လဲ "

ကျ​နော့အား အိပ်​ယာ​ပေါ် ချ​ပေးပြီးသည်​နှင့်​
လှည့်​ထွက်​မည့်​ဟန်​ပြင်​နေသည့်​ချာတိတ်​၏ လက်​ကို
ကျ​နော်​လှမ်းဆွဲရင်း​မေးမိသည်​။

"​ရေသွားခပ်​မို့ပါ Hyung ရဲ့
ကျ​နော့ ချစ်​ရသူ​လေး​မောသွားတာမို့​လေ
ခဏ​လေးေ​နာ်​"

ကျ​နော်​ခေါင်းအသာ ညိမ့်​ပြမှ အပြုံး​လေးတစ်​ပွင့်​ခြွေေ​ပးခဲ့ရင်း
မီးဖိုခန်းဆီ ဦးတည်​သွားသည့်​ချစ်​သူကို​ငေးကြည့်​နေမိသည်​။

* ကျ​နော်​အချိန်​တွေ အများကြီး ဖြုန်းခဲ့မိတာပဲ *

" Hyung ခဏ​လေးထ
​ရေ​လေး​သောက်​လိုက်​ဦး
အရမ်း​ပြေးတာကို ကျ​နော့ က​လေး​လေး က"

*အဟွတ်​......အဟွတ်​*

သူ့​အ​ခေါ်အ​ဝေါ်​ကြောင့်​သောက်​လက်​စ
​ရေပင်​သီးရပြန်​သည်​။

" ဘယ်​လို​တွေ​ခေါ်​နေတာလဲ
အကြီးကို "

ကျ​နော်​မျက်​စောင်းေ​လးခဲကာ ဆို​တော့
ချာတိတ်ေ​လးက ကျ​နော့ကို ပြုံးကာ ကြည့်​နေသည်​။

" wae?"

"........."

ကျ​နော်ေ​မးေ​သာ်​လည်း အ​ဖြေစကား ပြန်​မလာပဲ
​ခေါင်းကိုသာ ခပ်​ဖြေး​ဖြေး​ယမ်းကာ​ဆွေး​ဆွေး​မြေ့​မြေ့​ကြည့်​နေဆဲ။

" Jongin na "

ဘယ်​လိုပဲ ရင်းနှီးခဲ့ဖူးသည်​ဆိုဦး​တော့
အခု​လောက်​အကြာကြီးစိုက်​ကြည့်​နေတာမျိုး
ကျ​နော်​ရင်​မဆိုင်​နိုင်​တာမို့ သူ့နာမည်​ကို ခပ်​တိုးတိုးေ​ရရွတ်​ရင်း
ကျ​နော့ လည်​ဂုတ်​တွေကို လက်​နဲ့ ပွတ်​သပ်​နေမိသည်​။

* အရှက်​ပြေလို့ပဲ ဆိုရမလား....?*

" Hyung ရယ်​
ကျ​နော်​ရူးသွားတာ မမြင်​ချင်​ရင်​
အခုလို ချစ်​စရာပုံရိပ်​လေး​တွေ လုပ်​မပြပါနဲ့ "

Tulips (Z+U) {Completed}Where stories live. Discover now