Now & Ever -7 ( Ep.41)(Zawgyi)

1.1K 65 12
                                    

အပိုင်း (၄၁)

ရာသီ​တွေ အလီလီ​ပြောင်းလို့
ဆောင်းဦးကို ​ရောက်​ပြန်​​လေပြီ။

ဒီ​နေ့က ပထမဆုံးနှင်းကျမယ့်​​​နေ့လို့
မိုး​လေဝသအစီစဉ်​မှာ ​ကြော်​ငြာထားတာ​ကြောင့်
ကျ​နော်​ ​*ေ​မာင်​* ပြန်​လာမယ့်​ အချိန်​ကို ခြံ​ရှေ့ကထွက်​​စောင့်​​နေမိသည်​။

*​မောင်​* ဆိုတာ တစ်​ချိန်​က ကျ​နော့ရဲ့ ချာတိတ်​​လေး​ပေါ့
ထို က​လေးငယ်​ကို ချာတိတ်ေ​လးလို့ မ​ခေါ်ရတာ​တောင်
တစ်​ နှစ်​​ကျော်​ခဲ့ပြီ။

*​မောင်​* လို့ ​ခေါ်ဖို့ ထိုက​လေးကပဲ​ ​တောင်းဆိုခဲ့တာမို့
ကျ​နော်​ လိုက်​​လျောခဲ့ရပြန်​သည်​။

မှတ်​မှတ်​ရရ ကျ​နော်​တို့ မင်္ဂလာသက်​တမ်း တစ်​နှစ်​ပြည့်
Party ည​လေးမှာ လက်​​ဆောင်​အဖြစ်​ ​တောင်းဆိုခဲ့သည်​က
Jongin လို့​ခေါ်တာ တစိမ်းဆန်​သည်​​ကြောင့်
ပြောင်း​ခေါ်​ပေးပါတဲ့လေ။

အခုလို နှုတ်​ကျိုးလာေ​အာင်​ ကျ​နော်​ အ​တော်​ကြာ
ကြိုးစားခဲ့ရ​သေးတာ။

သူကေ​တာ့ ကျ​နော့ကို Hyung လို့ပဲ ​ခေါ်​နေဆဲ။
ထို နာမ်​စား​လေးကို သူ သိပ်​မြတ်​နိုးလို့ပါတဲ့​လေ။

ကျ​နော့ ချာတိတ်​​လေးက အခုဆို
လုပ်​ငန်းရှင်​ကြီး​တောင်​ ဖြစ်​​နေပြီ​လေ။

ဘယ်​​လောက်​ပဲ အလုပ်​များပါ​စေ
ကျ​နော်​ သိပ်​ကြိုက်​တဲ့ tulips ​တွေကို ပြုစုဖို့
ည​နေတိုင်း ​စော​စောပြန်​လာသည်​။

ကျ​နော်​က ပန်း​လေး​တွေကို ကြိုက်​ရုံပဲကြိုတ်​တတ်​တာ
မစိုက်​တတ်​ဘူး​လေ။
ကျ​နော်​ စိုက်​သမျှလည်း ဘယ်​ပန်းမှ မရှင်​သန်​ခဲ့ဘူး။

မောင်​ က​တော့ ပန်းစိုက်​တာ သိပ်​​တော်​တယ်​။
အထူးသဖြင့်​ ကျ​နော်​ ချစ်​တဲ့ tulips ​တွေ စိုက်​တဲ့​နေရာမှာ
သိပ်​ ထူးချွန်​လွန်းတယ်​။

March က​နေ June ​လောက်​ထိပဲ ပွင့်​တတ်​တဲ့
Tulips ​တွေကို ​ဆောင်းဦးထိ ​ပွင့်​လန်း​နေ​အောင်
သူ ဖန်​တီးနိုင်​တယ်​။
တကယ့်​ ပါရမီရှင်​ ​လေးရယ်​ပါ။

Tulips (Z+U) {Completed}Tempat cerita menjadi hidup. Temukan sekarang