Falling in love-4 (Ep.17)(Zawgyi)

986 90 8
                                    

အပိုင်း (၁၇)


ကျ​နော်​ ​ရေချိုးပြီး အင်္ကျီမလဲ​သေးပဲ
Hotel က bathrobe ​လေးသာ ဝတ်​ပြီး
ချစ်​သူ​လေး ​ရေချိုး​နေသည်​ကို ​စောင့်​​နေလိုက်​သည်​။

အတန်​ကြာ​တော့ ​ရေချိုးခန်းတံခါး​လေး ပွင့်​ဟလာမှုနဲ့ အတူ
ပေါ်ထွက်​လာ​သော ကျ​နော့ အဖြူ​ရောင်​အလုံး​လေး။

သဘတ်​တစ်​ထည်​ကို ​အောက်​ပိုင်းတွင်​ ပတ်​ထားရုံသာမကပဲ
အ​ပေါ်ပိုင်းကိုပါ အရှက်​ပိုပြီး တစ်​ထည်​ထပ်​ ခြုံထားပုံ​လေးက တကယ်​ကို အူယားစရာ။

"Jongin na
ဘာလို့ခုထိ အင်္ကျီမဝတ်​​သေးပြန်​တာလဲ"

ရေချိုးခန်းမှ ထွက်​လာ​သည်​ ကျ​နော့နှလုံးသားေ​လးဟာ
အင်္ကျီမဝတ်​​သေး​သော ကျ​နော့ကို ဆူ​လေပြီ။

မျှော်​လင့်​ထားပြီးသား အ့လိုဆူခံထိမယ်​ဆိုတာ
ကျ​နော်​ကလည်း သိလို့ကို ဝတ်​မထား​သေးတာ
အဆူခံချင်​လို့။

"ခင်​များထုတ်​​ပေးတဲ့ အင်္ကျီပဲ ဝတ်​ချင်​လို့ မဝတ်​​သေးပဲ​စောင့်​​နေတာ"

"မင်းက​တော့ မဖျား , ဖျားေ​အာင်​လုပ်ေ​နပြီ"

အဘိုးကြီး​ပေါက်​စ​လေးလို တဗျစ်​​တောက်​​တောက်​ 
ပြောတတ်ေ​သာ်​ငြား ကျ​နော်​ ကို အရိပ်​တကြည့်​ကြည့်​ ဂရုစိုက်​တတ်​​သော
အဖြူ​ကောင်​​လေး ဟာ သူ့အဝတ်​​တွေကို အရင်​မဝတ်​ပဲ
ကျ​နော့ အင်္ကျီ​တွေကို ​ရွေး​နေပြန်​သည်​။

တလှုပ်​တုတ်​တုတ်​နှင့်​ ​ရွေးလို့မပြီး ဖြစ်​​နေ​သော လူသား​လေးကို ကျ​နော်​ အရမ်းအသည်းယား​နေရပြီမို့ ခန္ဓာကိုယ်​ လုံးလုံး​လေးကို သိမ်းဖက်​လိုက်​​မိသည်​။

"အရမ်း ​ရွေးရခက်​​နေရင်​လည်း ကျ​နော်​ ဒီအတိုင်း နဲ့ပဲ​နေ​လိုက်​မယ်​​လေ"

သိုင်းဖက်​ထားတဲ့ ကျ​နော့ လက်​ကို သူ့လက်​ဖဝါး​သေး​သေး​လေး​တွေနဲ့ ပြန်​လည်​ ဆုပ်​ကိုင်​လာတာမို့ ဘယ်​ဘက်​ရင်​အုံဟာ ဗရမ်း​ဗဒါ ဖြစ်​ရပြန်​သည်​။

"မင်းက ဘာ​တွေ ထည့်​လာမှန်းမှ မသိတာ
အကုန်​ လည်​ဟိုက်​​တွေ အပါး​တွေကြည့်​ပဲ
ရေချိုးပြီး ​နွေး​အောင်​ဝတ်​ထားမှ အ​အေးမပတ်​...အု...."

Tulips (Z+U) {Completed}Dove le storie prendono vita. Scoprilo ora