Now & Ever -2 ( Ep.36)(Uni)

553 54 2
                                    

အပိုင်း (၃၆)

ညစာကို Hyung ကြိုက်​တဲ့ spaghetti ပဲ
စားဖြစ်သည်​။

Italian​လေး ပိုကြိုက်​တယ်​ဆိုတာ​ကြောင့်​
မှိန်​ပြပြ မီး​ရောင်​လေး​တွေနဲ့ အလှဆင်​ထားသည့်​
ဆိုင်​လေးကို ကျ​နော်​ရွေးလိုက်​သည်​။

ထိုမီး​ရောင်​လေး​အောက်​မှာ လင်းလက်​စွာ
​တောက်​ပ​နေသည့်​တစ်​ဦးတည်း​သော ပုဂ္ဂိုလ်​လေးဟာ
ကျ​နော်​သိပ်​မြတ်​နိုးရပါ​သော ကျ​နော့ လက်​တွဲ​ဖော်​လေး။

​ခေါက်​ဆွဲမျှဉ်​လေး​တွေအား ခက်​ရင်း​လေးနဲ့
လိပ်​ကာလိပ်​ကာ အသည်းအသန်​စား​နေသည့်​
အဖြူထည်​လေးဟာ ပကတိ က​လေးငယ်​လေးပမာ။

" Hyung ရယ်​
က​လေးလား​ပေကျံ​နေတာပဲ "

" ဟမ်​...... "

ကုန်းစား​နေရာမှ​ခေါင်းကို အ​ပေါ်ပြန်​မတ်​လိုက်​ချိန်​
ကြားရသည့်​ချာတိတ်​၏ အသံတိုးတိုး
ဘာကိုဆိုလိုမှန်း မသည်းကွဲတာမို့
ကျ​နော်​နောက်​တစ်​ခါ ထပ်​မေးရန်​ကြံ​နေတုန်း
နှုတ်​ခမ်း​ထောင့်​သို​ရောက်​လာ​သော လက်​ကိုင်​ပုဝါ
ဖြူလွှလွှေ​လးနှင့်​အတူ တို့ထိကာ သုတ်​ပေး​နေသည့်​
ချာတိတ်​၏ ညာလက်​တစ်​ဖက်​
နှုတ်​ခမ်းဖျား၌ ချိတ်​ဆွဲထားသည့်​ဖြူစင်​လွန်း​သော အပြုံးပွင့်​လေးကလည်း လူကို​နွေး​ထွေး​စေပြန်​သည်​။

" Jongin na....​စော​စောက hyung အိပ်​နေတုန်း
ဘယ်​ကိုသွားတာလဲ တ​ရေးနိုးကြည့်​တာ ရှိမ​နေဘူး "

" umm....ဒီ..အတိုင်း "

​ဝေ့လည်​ကြောင်​ပတ်​နှင့်​အ​ဖြေမ​ပေးနိုင်​သော
ဒီချာတိတ်​ဟာ မဟုတ်​တာ တစ်​ခုခုလုပ်​နေတာ​တော့
မဟုတ်​ဘူးမလား.....?

" ဘယ်​သွားတာလဲ လို့ "

" ကျ​နော်​မနက်​ဖြန်​ကျရင်​ပြောပြပါ့မယ်​နော်​
အခု ပြီး​အောင်​စားလိုက်​ဦး ဗိုက်​ဆာ​နေတာဆို "

" မင်း​နော်​..."

" Hyung ကလည်း.....ချစ်​တယ်​လေ ဟီး "

" ဒါနဲ့ပဲ.....
လုပ်​ချင်​ရာလုပ်​လိုက်​
ချစ်​တယ်​လေ ဆို မျက်​နှာချို​သွေးလိုက်​ဟွန့်​"

Tulips (Z+U) {Completed}Opowieści tętniące życiem. Odkryj je teraz