Neglect (Ep.8)(Zawgyi)
1.1K 101 4
အပိုင်း (၈)
ဝင်​မလာပါနဲ့
ကျ​နော့ ဘဝထဲကို
ဘယ်​လို အ​ကြောင်းပြချက်​နဲ့ပဲဖြစ်​ဖြစ်
မလာပါနဲ့ 
ပြန်​ထွက်​သွားတဲ့အခါ ခံယူရမယ့်
နာကျင်​မှု ​တွေဟာ ရင်​ဘတ်​နဲ့မဆန့်​တာမို့
ဒီအတိုင်းပဲ အထီးကျန်​စွာ
နေသားကျ​နေပြီမို့
ထွက်​သွားကြတဲ့အခါ
ကျန်​​ရစ်​ခဲ့မယ့်​ သူ တစ်​​ယောက်​အတွက်
နည်းနည်း​လေး​တောင်​ မ​တွေး​ပေးတာမို့
အစတည်းက ဝင်​မလာပါနဲ့
............×...........
ကျ​နော်​ နိုးလာ​တော့ ညက​နဲ့ မတူ​အောင်​ကို ခန္ဓာကိုယ်​က ​ပေါ့ပါးလန်းဆန်း​နေသည်​။
အိပ်​ယာထဲမှ လူးလဲထကာ ​ဘေးက စာကြည့်​စားပွဲကို ကြည့်​မိ​တော့ အဖြူ​ရောင်​ စာရွက်​​လေးတစ်​ရွက်
📃Jongin na
မီးဖို​ပေါ်က အိုးထဲမှာ ဆန်​ပြုတ်​ရှိတယ်
မင်းအိမ်​က ဘာမှ မရှိတာမို့ သက်​သက်​လွတ်​ဆန်​ပြုတ်​ပဲရတယ်
ဆေးက မင်းအရင်​ထားတဲ့​နေရာမှာပဲ စားပြီးတာနဲ့ ​ဆေး​သောက်​ဦး
................ဒါငါ့ ဖုန်းနံပါတ်
အ​ရေးကြီးရင်​ ဖုန်းဆက်​​ခေါ်လိုက်​​နော်
မင်းရဲ့အသက်​သခင်​ Kyung Soo📄
"ဟက်​ ​ပေါက်​ကရ​တွေနဲ့ ပြည့်​​နေတဲ့လူ"
စာဖတ်​ပြီး သ​ဘောကျစွာ ခပ်​အက်​အက်​ရယ်​မိပြန်​သည်​။
ဆို​တော့ ညက အဲ့ လုံးတုံးတုံးလူက ကျ​နော့ဆီ တကယ်​​ရောက်​လာတယ်ေ​ပါ့ အိမ်​မက်​မဟုတ်​ပဲနဲ့​လေ
တကယ်​လာသွားတယ်​​ပေါ့။
ဘဝမှာ အရသာအရှိဆုံး ဆန်​ပြုတ်​ပူပူကို အရမ်းချမ်း​နေတဲ့အချိန်​မှာ သူ​လာ​ကျွေးခဲ့တယ်​​ပေါ့
မကြာခဏဖျားခဲ့ဖူး​ပေမယ့်​ ​ဆေး​သောက်​ဦးလို့​တောင်​ 
ေ​ပြာမယ့့်သူမရှိတဲ့ ကျ​နော့်​ကို သူကိုယ်​တိုင်​​ဆေးတိုက်​ခဲ့တယ်​​ပေါ့
ရေ​နွေးကိုပါ သူကိုယ်​တိုင်​ မှုတ်​ပေးပြီး​တော့​လေ
Tulips (Z+U) {Completed}Donde viven las historias. Descúbrelo ahora