Neglect (Ep-8) Uni

691 93 0
                                    

အပိုင်း (၈)

ဝင်​မလာပါနဲ့
ကျ​နော့ ဘဝထဲကို
ဘယ်​လို အ​ကြောင်းပြချက်​နဲ့ပဲဖြစ်​ဖြစ်​
မလာပါနဲ့ 

ပြန်​ထွက်​သွားတဲ့အခါ ခံယူရမယ့်​
နာကျင်​မှု​တွေဟာ ရင်​ဘတ်​နဲ့မဆန့်​တာမို့

ဒီအတိုင်းပဲ အထီးကျန်​စွာ
​နေသားကျ​နေပြီမို့

ထွက်​သွားကြတဲ့အခါ
ကျန်​ရစ်​ခဲ့မယ့်​သူ တစ်​ယောက်​အတွက်​
နည်းနည်း​လေး​တောင်​မ​တွေး​ပေးတာမို့

အစတည်းက ဝင်​မလာပါနဲ့

............×...........

ကျ​နော်​နိုးလာ​တော့ ညက​နဲ့ မတူ​အောင်​ကို ခန္ဓာကိုယ်​က​ပေါ့ပါးလန်းဆန်း​နေသည်​။
ပူရှိန်​ပူရှိန်​လည်းဖြစ်​မေ​နေ​တာ့ အဖျား ကျသွားပြီထင်​သည်​။

အိပ်​ယာထဲမှ လူးလဲထကာ​ဘေးက စာကြည့်​စားပွဲကို ကြည့်​မိ​တော့ အဖြူ​ရောင်​စာရွက်​လေးတစ်​ရွက်​

📃Jongin na
မီးဖို​ပေါ်က အိုးထဲမှာ ဆန်​ပြုတ်​ရှိတယ်​
မင်းအိမ်​က ဘာမှ မရှိတာမို့ သက်​သက်​လွတ်​ဆန်​ပြုတ်​ပဲရတယ်​
​ဆေးက မင်းအရင်​ထားတဲ့​နေရာမှာပဲ စားပြီးတာနဲ့​ဆေး​သောက်​ဦး
................ဒါငါ့ ဖုန်းနံပါတ်​
အ​ရေးကြီးရင်​ဖုန်းဆက်​ခေါ်လိုက်​နော်​
မင်းရဲ့အသက်​သခင်​Kyung Soo📄

"ဟက်​ပေါက်​ကရ​တွေနဲ့ ပြည့်​နေတဲ့လူ"
စာဖတ်​ပြီး သ​ဘောကျစွာ ခပ်​အက်​အက်​ရယ်​မိပြန်​သည်​။

ဆို​တော့ ညက အဲ့ လုံးတုံးတုံးလူက ကျ​နော့ဆီ တကယ်​ရောက်​လာတယ်ေ​ပါ့ အိမ်​မက်​မဟုတ်​ပဲနဲ့​လေ
တကယ်​လာသွားတယ်​ပေါ့။

​ဘဝမှာ အရသာအရှိဆုံး ဆန်​ပြုတ်​ပူပူကို အရမ်းချမ်း​နေတဲ့အချိန်​မှာ သူ​လာ​ကျွေးခဲ့တယ်​ပေါ့

မကြာခဏဖျားခဲ့ဖူး​ပေမယ့်​ဆေး​သောက်​ဦးလို့​တောင်​
ေ​ပြာမယ့့်သူမရှိတဲ့ ကျ​နော့်​ကို သူကိုယ်​တိုင်​ဆေးတိုက်​ခဲ့တယ်​ပေါ့
​ရေ​နွေးကိုပါ သူကိုယ်​တိုင်​မှုတ်​ပေးပြီး​တော့​လေ

Tulips (Z+U) {Completed}Donde viven las historias. Descúbrelo ahora