D.O. day (Ep.21)(Zawgyi)
980 82 6
အပိုင်း (၂၁)
January 12
ည​နေ ဆည်းဆာဟာ ကမ္ဘာ​မြေတစ်​ခွင်​ နှင့်​ မိုး​ကောင်းကင်​ကြီးကို
နီကျင့်​ကျင့်​ အသွင်​​ဆောင်​​စေသည်​။
လျှပ်​စစ်​မီး ဓာတ်​ကြိုးများေ​ပ်ါမှ တကျီကျီ ​အော်​​နေ​သော
ကြေးငှက်​​လေး​တွေက အိပ်​တန်းတက်​ကြ​တော့မည်​။
စက်​ဘီးေ​လးအား ခပ်​ကုံးကုံး​လေးဖြင့်​ အရှိန်​တင်​ကာ နင်း​နေ​သော 
ကောင်း​လေးတစ်​ဦးက အပြစ်​ကင်းစင်​လွန်း​သော မျက်​နှာဖူးဖူး​လေးအထက်​တွင်​ ချိုမြန်​လွန်း​သော အပြုံး​လေးကို ချိတ်​ဆွဲလျှက်
ထို့အတူ ကျယ်​ဝန်းလှ​သော ခြံကြီး၏ ခြံစည်းရိုးေ​လးအပြင်​၌
လက်​ဖဝါးနှစ်​ဖက်​အား ခပ်​ကြမ်းကြမ်းပွတ်​လိုက်
အညိုရင့်​ရင့်​ဆံနွယ်​​တွေကြား လက်​ကိုလျှိုကာ ဆံနွယ်​တို့ကိုထိုးဖွလိုက်
........................💞
" Hyung "
အ​တော်​လှမ်း​သေး​သော အ​နေအထားတစ်​ခုမှ ချစ်​ရသူကို
ကျ​နော်​ လက်​တစ်​ဖက်​​ဝှေ့ယမ်းကာ ​အော်​​ခေါ်မိသည်​။
ကျ​နော့ဆီ ဦးတည်​ပြီး လာ​နေတာကို သိလျှက်​နဲ့​တောင်​ အားမရနိုင်​စွာ ထိုအဖြူလုံး​လေးဆီ ကျ​နော်​ ​ပြေးသွားလိုက်​​သေးသည်​။
ကျ​နော်​ အနား​ရောက်​​တော့ သူက စက်​ဘီး​ပေါ်ကဆင်းကာ တွန်းရင်းကျေ​နာ်​နဲ့အတူ ခပ်​​ဖြေး​ဖြေးေ​လျှာက်ေ​ပးသည်​။
"ဘာလို့​နောက်​ကျ​နေတာလဲ"
နှုတ်​ခမ်းစူကာ​ပြော​နေ​ပေမယ့်​ ကျ​နော့ မျက်​နှာထားက စိတ်​ဆိုး​နေ​ပုံမပေါ်ဘူးထင်​ပါရဲ့ Hyung က ကျ​နော့ကို အဖက်​​တောင်​မလုပ်​ဘူး။
" ​ဟေ့လူ ကျ​နော်​​မေး​နေတာကို "
"ငါ စက်​ဘီးတွန်း​နေတယ်​​လေ
လက်​ထဲမှာလည်း အထုပ်​​တွေ ပလုံစီ​နေလို့်​ ပြန်​​ဖြေဖို့မအားဘူး"
Tulips (Z+U) {Completed}Dove le storie prendono vita. Scoprilo ora