အခန်း(၁):ရန်စတာလား

1K 61 11
                                    


[ unicode ]

မင်းခန့်ကသူ့ဘေးနားကဖြတ်သွားတဲ့
သော်တာရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။
တုန်ယင်နေတဲ့ နှုတ်ခမ်းကိုဖွင့်ပြီး
စကားပြောဖို့သူကြိုးစားလိုက်တယ် ။

" ငါ မင်းမရှိပဲမနေနိုင်ဘူး အသော်"

အသံတွေက မပီမသပဲလုံးထွေးနေတယ်။
ဒါပေမဲ့ သော်တာလက်ကိုအတင်းအကျပ်
ဆုပ်ကိုင်ထားတာကိုလည်း မလွှတ်ပေးသေး။

"နင်ငါ့လက်ကိုလွှတ်စမ်း ...
လွှတ်စမ်း အခုလွှတ်လို့ ငါပြောနေတယ်လေ"

" အား!!!! ငါလေး စာဖတ်သူတွေကို
ရက်စက်မိတော့မှာလား "

ထက်ရှိုင်းတစ်ယောက် သူရေးထားတဲ့
ဒိုင်ယာလော့တွေကို အသံထွက်ဖတ်နေပြီး
လူနှစ်ယောက်နေရာကနေ အပီအပြင်ကို
သရုပ်ဆောင်နေသည်​။
အခု​ရေး​နေတဲ့ဇာတ်​လမ်းနာမည်​က
"အဖြူ​ရောင်​" ဖြစ်​ပြီးသူရဲ့တတိယမြောက်ဇာတ်လမ်းတစ်ပုဒ် ။ Onging ဖြစ်နေဆဲဖြစ်ပြီး အွန်လိုင်းစာဖတ်သူပရိသတ်အပေါင်းတို့ကြား"အဖြူ​ရောင်​" ဟု ပြောလိုက်သည်နှင့်ပင် စကားများ ရှည်လျားထြွေပားကာ တော်ရုံနဲ့အဆုံးသတ်မရတော့သော
စကားဝိုင်းကြီးဖြစ်သွားတက်သည်အထိ လျှမ်းလျှမ်းတောက်အောင်မြင်နေသော ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။

"ငါလေး noti တွေမတရားများနေပြီ
ကဲ...ငါ့ရဲ့ ဗီတာမင်ဓါတ်လေးတွေရေ "

ထက်ရှိုင်းတစ်ယောက် သူ့ account မှာ
ဒီနေ့အတွက်လာရေးထားတဲ့wallpost တွေကို
ဖတ်မိသည်။ အောင်မြင်နေသောအွန်လိုင်း
စာရေးဆရာတစ်ယောက်အနေနဲ့ wallpost များကနေ့စဉ်နေ့တိုင်း ရာဂဏန်းနီးပါးအထိnotiတက်သည်။
wallpost အများစုကတော့ ထက်ရှိင်း၏
ဇာတ်ကောင်များကို ညှင်းပန်းခြင်းလုပ်ငန်းကို
ရပ်ဆိုင်းရန် တောင်းပန်နေကြသော post များသာဖြစ်သည်။ အချို့wallpost များကတော့
ထက်ရှိင်း၏ ဂုဏ်ထူးဝိသေသ များကို အင်မတိအင်မတန်အလွန်အကျူးကြီးကိုဖော်ကျူးပေးထားသည့် wallpost များသာဖြစ်သည်။

"မင်းခန့်နဲ့ အသော်ကို မခွဲပါနဲ့ "

အစရှိသဖြင့် "အဖြူ​ရောင်​" ဇာတ်လမ်းနဲ့
ပတ်သက်ပြီးသည်များကများနေသည်။

•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]Nơi câu chuyện tồn tại. Hãy khám phá bây giờ