အခန်း(၂):အချစ်ရေးကိုဦးစားပေးတဲ့သူ

323 44 9
                                    

(unicode)

"မင်းငါ့က်ိုတမင်သက်သက်ကို
တိုက်ခိုက်နေတာပဲ"

ထက်ရှိုင်းလွင်စောင့်ကြည့်နေပေမဲ့
အချိန်ကြာသည်အထိ
တစ်ဖက်ကဘာစာမှပြန်မလာတော့။
ပြောချင်တာပြောပြီး လိုင်းပေါ်ကဆင်းသွားတာလည်းဖြစ်နိုင်သလို ... ပြောချင်တာပြောပြီးအဖက်ဆက်မလုပ်တော့တာလည်း
ဖြစ်နိုင်သည်။

သူလည်း message box ကထွက်ကာ
ညကျရင်တင်မည့် 'အဖြူရောင်' ၏
အပိုင်းသစ်ကို ပြင်စရာရှိတာပြင်ပြီး
ရေးစရာရှိတာရေးနေလိုက်သည်။
ဒီ 'အဖြူရောင် ' ဇာတ်လမ်းပြီးရင်
အွန်လိုင်းစာရေးဆရာဘဝကနေ ခနတာ
နှုတ်ထွက်နေဖို့လည်းစဉ်းစားထားပြီးဖြစ်သည်။

အချိန်အတော်ကြာပြီးတဲ့နောက်
ညကျရင်တင်မည့်အပိုင်းသစ်ကလည်း
အချောသတ်ပြီးသားဖြစ်သွားသည်။
laptop ကိုပိတ်ကာ
ဇက်အနည်းငယ်ချိုးလိုက်သည်။
အနည်းငယ်အညောင်းအညာဖြေကာ...
ထိုင်ခုံမှထလိုက်သည်။သူမနက်ကတည်းက
ခေါက်ဆွဲစားပြီးကတည်းက ဒီထိုင်ခုံမှာထိုင်ပြီးအလုပ်တွေရှုပ်နေခဲ့တာလေ. . နေ့လယ်စာ
အတွက်စီမံရဦးမည်။ ပြီးရင် ဝယ်စရာရှိတာတွေဝယ်ဖို့စတိုးဆိုင်သွားရဦးမည်။

ဗီရိုကိုဖွင့်ကြည့်တော့ ချိတ်နဲ့ချိတ်ထားသည်
အင်းကျီလည်းရှိသလို . . လုံးချေကာထည့်ထားသည့်အင်းကျီများကလည်း အောက်ခြေတွင်အများအပြားပင်။
' ပိတ်ရက်ကျ ရှင်းမယ်'ဟူ၍ ပိတ်ရက်ပေါင်းများစွာကိုကျော်ဖြတ်လာသော်လည်း
ထိုဗီရိုကိုလက်ဖျားနဲ့တောင်
သေချာမထိဖြစ်ခဲ့ ။ ' ဒါဆိုလည်း
နောက်ပိတ်ရက်ရှိသေးတာပဲကို ' ဟူ၍
အပေါ်အင်းကျီတစ်ထည်ကိုယူပြီး
ဗီရိုတံခါးကိုပြန်ပ်ိတ်လိုက်သည်။

ဆံပင်ကလည်းခပ်တိုတိုနဲ့မို့
ဘာမှထွေထွေထူးထူးဖြီးလိမ်းနေစရာမရှိ။
အပေါ်အင်းကျီကောက်ဝတ်ပြီးတာနဲ့
ဆိုင်ကယ်သော့ဆွဲကာအိမ်ပြင်
ထွက်လာလိုက်သည်။
အိမ်ပြင်ရောက်တာနဲ့ နေက မျတ်နှာကိုလာ
ထိုးတာကြောင့် လက်နဲ့ကာထားမိသည်။
သွားမည့်စတိုးဆိုင်လေးကလည်းနီးတာကြောင့်ဒီတိုင်းသာမာန်ဦးထုပ်တစ်လုံးပဲဆောင်းကာဆိုင်ကယ်နဲ့ထွက်လာလိုက်သည်။
စတိုးဆိုင်ရောက်တော့ လိုအပ်သည့်
ပစ္စည်းများနဲ့ခေါက်ဆွဲခြောက်ထုပ်များ
ကိုပဲအဓိကထားကာဝယ်ယူလို်က်သည်။
တစ်ယောက်တည်းနေရတာမို့. .
ခေါက်ဆွဲခြောက်ကိုအဓိကအစားအစာ
အဖြစ်ထားကာစားသောက်နေရသည်။

•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]Where stories live. Discover now