အခန်း(၉):အာဏာပြတာ

198 44 9
                                        

(unicode)

ထက်ရှိုင်းလွင်အောက်ထပ်ကိုရောက်တော့
ထမင်းစားပွဲပေါ်မှာဟင်းတွေတိုင်းက
နှစ်ခု,နှစ်ခုတွေဖြစ်နေတာကိုတွေ့လိုက်ရသည်။ ဒါကြောင့်သူ ကောင်းမြတ်နိုင်ကို
လှမ်းကြည့်လိုက်တော့လည်း
ကောင်းမြတ်နိုင်က စိတ်မကောင်း
ဖြစ်နေသည့်ပုံဖြစ်နေသည်။
ဟန်ရှင်းကတော့ တစ်ခုခုကိုအားရနေသည့်ပုံ
ပေါက်နေသည်။

"ဘာလို့နှစ်ခုတွေဖြစ်နေတာလည်း"

"ဒီတိုင်း အပျင်းပြေပြိုင်ကြည့်ထားတာ"

ဟန်ရှင်းစကားကိုနားထောင်ရင်းနဲ့
ထိုင်ခုံဆွဲကာထမင်းစားပွဲမှာထိုင်လိုက်သည်။
ဟင်းတွေကများနေတာကြောင့်သူဘာကို
စပြီးစားရမယ်ဆိုတာမသိပေ။ဒါကြောင့်
သူ ကြက်ဥကြော်ကိုပဲအရင်ယူစားဖို့လုပ်လိုက်သည်။ ဒါပေမဲ့ကြက်ဥကြော်
ပန်းကန်ကလည်းနှစ်ခုဖြစ်နေတာကြောင့်
သူဘယ်ဟာကိုယူလို့ယူရမှန်းမသိ အကျပ်ရိုက်နေသည်။ဒါပေမဲ့
သူစိတ်ဆုံးဖြတ်ချက်ချပြီးတာနဲ့
နည်းနည်း နွမ်းနေတဲ့ပုံပေါက်နေတဲ့ကြက်ဥ
ကြော်ကိုယူစားလိုက်သည်။အရသာက
ငန်တဲ့ဘက်ကိုရောက်ချင်နေသည်။ဒါပေမဲ့
သူကုန်အောင်စားလိုက်နိုင်သည်။

"မင်း!! ဒီလောက် ကြည့်ရဆိုးနေတာကို
ဘာလို့အရင်ရွေးတာလည်း"

ဟန်ရှင်းက ဒေါသသံပါပါနှင့်ပြောလာသည်။
သူပြန်ဖြေဖို့လုပ်ပေမဲ့ ပါးစပ်ထဲမှာ
ကြက်ဥကြော်တွေပြည့်နေသေးတာမို့
သူမြန်မြန်မြိုချလိုက်ရသည်။

"ငါစားနေကြပုံစံပဲလေ။ ငါကြော်ရင်
ဒီထက်တောင်ဆိုးဦးမယ် ။စားနေကြဟာပဲ
စားချင်တာပေါ့။ ငါမရွေးတဲ့ဟာက
ဘယ်လိုအရသာနေမယ်မှန်း
ငါမှမခန့်မှန်းတက်တာ "

"..ကျွန်တော်တောင်းပန်ပါတယ်
အဲ့တာက ငန်နေတာကြီးကို ကုန်အောင်
စားလိုက်တာဆိုတော့ "

"ဒါဆိုငါစားလိုက်တာက ကောင်းမြတ်လေး
ကြော်ထားတာပေါ့ "

ဟန်ရှင်းကတော့စိတ်ဆိုးသွားဟန်ဖြင့်
စကားပြန်မပြော သူ့ဘာသာစားနေသည်။ကောင်းမြတ်နိုင်ကတော့ သူ့
ကြက်ဥကြော်ငန်နေတာကို
စားပေးသည့်အတွက် အားနာနေသည့်ပုံပင်။

•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]Место, где живут истории. Откройте их для себя