( unicode )
အခုဖြစ်ပျက်သွားသည့်အရာတွေကို
ထက်ရှိုင်းလွင်မယုံကြည်နိုင်သေး။
သူညီလေးတစ်ယောက်လိုချစ်ရသည့်သူက
သူ့ကို နှစ်အတော်ကြာချစ်နေပြီး
သူ့ကိုခနခန နမ်းဖို့ကြိုးစားနေတာကို
သူလက်မခံနိုင်သေးဘူး။ပြီးတော့
ကောင်းမြတ်နိုင်ကယောက်ကျားလေးတစ်
ယောက်ဖြစ်သည်။ ယောက်ကျားလေး
တစ်ယောက်က အခြားတစ်ယောက်ကို
သဘောကျတာမျိုးကို သူတွေ့ဖူးပေမဲ့
သူကိုယ်တိုင်ကြုံလာတော့ ဘယ်လိုကိုင်တွယ်
ရမယ်ဆိုတာကို ထက်ရှိုင်းလွင်မသိ။
ဒီလိုကိစ္စတွေကိုသူက ရှုံချ တာမျိုးမရှိပေမဲ့
လက်ခံသည့်အဆင့်ပဲရှိသည်။သူကိုယ်တိုင်
ဖြစ်လာမည်ဟုတစ်မျှ တွေးမထားခဲ့ဖူးပေ။
ဒါပေမဲ့ သူ ကောင်းမြတ်နိုင်ကြောင့်
စိတ်ထဲအနှောင့်အယှက်မဖြစ်သလို ကျဉ်း
ကျပ်သလိုမျိုးလည်းဖြစ်မနေတာကိုတော့
သူ ဝန်ခံရမည်ပင်။ ဒါပေမဲ့ ဒါကလည်း
သူ ကောင်းမြတ်နိုင်ကို
ညီလေးတစ်ယောက်လို
သဘောထားမိတာကြောင့်
စိတ်ကျဉ်းကျပ်မှု
မရှိတာဖြစ်နိုင်သည်။ထက်ရှိုင်းလွင်ကုတင်ပေါ်လှဲချကာ
မျက်နှာကျတ်ကိုပဲကြည့်နေမိသည်။
သူဘာဆက်လုပ်ရမည်နည်း။
ကောင်းမြတ်နိုင်
ကိုငြင်းပစ်လိုက်ရမည်လား။ ဒါဆို
ကောင်းမြတ်နိုင်ဝမ်းနည်းသွားနိုင်သည်။
သူ ဝမ်းနည်းသွားမှာကို ထက်ရှိုင်းလွင်
မလိုချင်ပေ။ဘာပဲဖြစ်ဖြစ် ကောင်းမြတ်နိုင်က
သူညီလေးတစ်ယောက်ပင်။ကောင်းမြတ်နိုင်ကိုဝမ်းနည်းအောင်လုပ်ဖို့ဆိုတာကလုံးဝ
မဖြစ်နိုင်။ ဒါကြောင့်ငြင်းချလိုက်လို့လဲ
မဖြစ်။ ဒါဆိုလက်ခံလိုက်ဖို့ဆိုတာကလည်း
သူ့အတွက်အချိန်လိုသေးသည်။
အချိန်လိုအပ်သေးသည်ဟု ပြောလိုက်လျှင်
လည်း သူလိုအပ်သည်ဆိုသည့်ထိုအချိန်၏
အဆုံးတွင် သူကောင်းမြတ်နိုင်ကို
သေချာပေါက်ကို လက်ခံရမည်ဖြစ်သည်။ထက်ရှိုင်းလွင် သူ့ဘဝကိုပေါ့ပေါ့ပါးပါး
နေခဲ့မိသည်ကိုသူ နောင်တရမိလာသည်။
လူတိုင်းရဲ့အမြင်မှာသူ့ကို
သဘောကောင်းကောင်းဖြင့် ဆိုရှယ်ကျသည်
ဟုထင်ကောင်းထင်ကြလိမ့်မည်။ ဒါပေမဲ့
သူ လူတိုင်းရဲ့ရုပ်တွေ မျက်နှာတွေကို
ကောင်းကောင်းမမှတ်မိ။ သူကိုးတန်းတုန်းက
ထောက်ချွန်သုံးခဲ့မိသည့် ကိစ္စနောက်ပိုင်း
လူတိုင်းက သူ့ကိုရှောင်ကြသည်။ တစ်ချိန်က
ရင်းနှီးခဲ့ကြပါသည် ဆိုသည့်သူအချို့ကပင်
သူ့အနားကနေ ခွာကုန်သည်။ အချစ်ဆုံး
သူငယ်ချင်းဆိုသည့် သူတစ်ချို့ကပင်
သူ့ကို မပေါင်းအပ်သည့်လူဆိုးတစ်ယောက်လိုအကြည့်မျိုးဖြင့်ကြည့်ကာ
ထားခဲ့ကြသည်။
ဂုဏ်သိက္ခာ တွေကိုအလေးထားသည့်
အဖေနှင့်အမေတို့ကလည်း သူ့ကို
အတော်ကြီးစိတ်ဆိုးကြပြီး အရင်ကလို
ကောင်းကောင်းမွန်မွန်မဆက်ဆံကြတော့။
![](https://img.wattpad.com/cover/193255656-288-k841172.jpg)
KAMU SEDANG MEMBACA
•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]
RomansaHtet Shine Lwin is an online writer and in one day he got a lot of bad feedbacks and so he tried to ignore them . But he could not try to ignore anymore when he knew that bad feedbacks he got were from the same account. He became angry and so he ...