(unicode)
သူမနက်န်ိုးလာတော့ ညတုန်းက
လက်တွေ့ဆန်လွန်းသည့်အိပ်မက်ကြောင့်
ခေါင်းပင်မူးချင်နေသည် ။
ဒါပေမဲ့သူဒီလိုအိပ်မက်မျိုးကို
သဘောကျမိသည်။ ဘာပဲဖြစ်ဖြစ်
ရည်းစားမရှိတဲ့သူ့အတွက် အိပ်မက်ထဲမှာ
အနမ်းခံလိုက်ရလည်း မနည်း။အခုအိပ်ရာ
ပေါ်မှာရှိနေတာကသူတစ်ယောက်တည်း
ဖြစ်နေပြီး ကောင်းမြတ်နိုင်ကရှ်ိမနေ။
ဒါကြောင့် သူအ်ိပ်ရာကထကာ
သားသားအိပ်နေသည့်အခန်းကိုသွားကြည့်
လ်ိုက်သည်။သားသားကိုလည်းမတွေ့
တာကြောင့်သူမျတ်နှာသစ်ပြီးတာနဲ့
အောက်ထပ်ကိုဆင်းလာလိုက်သည်။"အက်ိုနိုးပြီလား"
အောက်ထပ်ကိုကြိုရောက်နေတဲ့
ကောင်းမြတ်နိုင်ကသူ့ကို
လှမ်းနှုတ်ဆက်သည်။ညက သူသတိမထား
ခဲ့မိပေမဲ့ ၊ကောင်းမြတ်နိုင်က သူထုတ်ပေးတဲ့
ဝတ်စုံတွေနဲ့တောင် တကယ်ကို
လိုက်ဖက်သည်။ 'နဂိုချောတဲ့သူတွေက
ဘာဝတ်ဝတ်ချောနေတာပဲ ' ဟုတွေးမိကာ
သူနည်းနည်းမနာလိုချင်သွားသည်။"သားသားကော "
သူလှေခါး ကနေဆင်းနေတုန်း
စကားလှမ်းပြောလိုက်တော့
ကောင်းမြတ်နိုင်ကလည်းသူထိုင်နေရာကနေ
ထက်ရှိုင်းလွင် ကိုလှမ်းကြည့်သည်။"မီနီအိုးဝေနဲ့ အိမ်ပြန်သွားတယ်
ပြီးတော့ ကျေးဇူးတင်ပါတယ်တဲ့ ""ဒါနဲ့ဒီနေ့အလုပ်မသွားဘူးလား"
သူအောက်ထပ်ကိုရောက်တော့
ရေခဲသေတ္တာကိုဖွင့်ပြီးရေဗူးတစ်ဗူး
ထောက်ကာ ဖန်ခွက်နှင့်ငှဲ့မနေတော့ပဲ
ဒီတိုင်းမော့သောက်နေမိသည်။
သူရေဗူးကိုပြန်ထည့်ပြီး ထမင်းစားပွဲကို
လှမ်းကြည့်မိတော့ ကောင်းမြတ်နိုင်က
သူ့အတွက် မနက်စာပြင်ပေးထားသည်။"အလုပ်ပိတ်ရက်လေ"
"အလုပ်ပိတ်ရက်ဆိုတာကို အစ်ကို
တကယ်မေ့နေတာ။ ဒါအစ်ကို့အတွက်လား"ကောင်းမြတ်နိုင်ကခေါင်းငြိမ့်ပြသည်။
သူက အလုပ်မှာ တစ်ခါတစ်ရံ အာဏာထုတ်ပြတက်တာကလွဲပြီး
ချစ်စရာကောင်းသည့်
ကောင်လေးပင်ဖြစ်သည်။ အခုလည်းကြည့်
သူ့အတွက်မနက်စာကိုပါအဆင်သင့်ပြင်
ပေးထားသည်။တကယ်လို့သူ့မှာသာ
ကောင်းမြတ်နိုင်လိုညီလေးတစ်ယောက်သာ
ရှိရင်တကယ်ကိုအဆင်ပြေမှာပဲဟု
တွေးမိသည်။သူထမင်းကိုစားပြီးသွားတော့
ကောင်းမြတ်နိုင်နားကိုသွားထိုင်လိုက်မိသည်။
ŞİMDİ OKUDUĞUN
•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]
RomantizmHtet Shine Lwin is an online writer and in one day he got a lot of bad feedbacks and so he tried to ignore them . But he could not try to ignore anymore when he knew that bad feedbacks he got were from the same account. He became angry and so he ...