အခန်း(၁၁):ရန်ပွဲ

154 39 8
                                    

"မုန်းတယ်လည်းမဟုတ် ချစ်တယ်လည်း
မဟုတ် ဒီတိုင်းပေါ့"

"သဘောမကျဘူးပဲ stalker တွေကို"

ကောင်းမြတ်နိုင်ကသူ့ဟာနဲ့သူကောက်ချက်
ချသွားသည်။ အဲ့လိုပြောသွားတဲ့အချိန်မှာ
ကောင်းမြတ်နိုင်မျတ်နှာပေါ်က သူမြင်နေကြ
အပြုံးရိပ်လေးတွေလုံးဝရှင်းသွားတာကို
ခံစားမိသည်။

" အစ်ကို့ကို ညနေလာခေါ်လိုက်မယ်နော်
ညစာစားပွဲတော့ သွားမှဖြစ်မယ်ထင်တယ်
မဟုတ်ရင် အဖေဆူတာကပိုဆိုးမှာ "

ကောင်းမြတ်နိုင်ကသူ့ကိုဆိုင်ပြန်လိုက်ပို့ပေး
သည်။ ပြီးတော့သူ့ကို လာခေါ်လို့ရလား
မရလားခွင့်တောင်းနေသည်။
ဒီလောက်ချစ်စရာကောင်းတဲ့ညီလေးရဲ့
စကားကို ငြင်းဆန်နိုင်ဖို့ဆိုတာ ထက်ရှိုင်းလွင်
အတွက်လုံးလုံးမျှမဖြစ်နိုင်သည့်အရာ။
မိုးပြာရောင်အင်းကျီလေးက နေရောင်တွေနဲ့
အလင်းပြန်ကာ ကောင်းမြတ်နိုင်ကိုပို့
ကြည့်ကောင်းစေနေသည်။ ခြေတံရှည်ရှည်
တွေကလည်း သူ့ကိုပိုကြည့်ကောင်းလာ
အောင်လုပ်ပေးနေကြသည်။

"ရပါတယ်မဟုတ်ရင်မင်းတစ်ယောက်တည်း
ဖြစ်နေမှာပေါ့ "

"ဟုတ် အလုပ်ပိုစေမိပြီထင်တယ်
အားနာလိုက်တာ "

"မဟုတ်တာ .. ဒါနဲ့ညက ဖုန်းကျသွားတာကို
ဘာလို့ပြန်မဆက်တာလည်း။ မင်းလည်း
ဘေကုန်နေလို့လား"

"အကိုစာရေးနေမယ်ထင်လို့"

"ဟမ်"

သူတကယ်အံ့သြမိသွားသည်။ ဒီကလေးက
သူစာရေးတာကိုပါသိနေတာလား။ သူနဲ့ပက်
သက်ပြီးဒီကလေးက သူထင်ထားတာထက်ကိုသိနေသည်။ ကောင်းမြတ်နိုင်ကတော့
ထက်ရှိုင်းရဲ့အံံ့သြသွားသည့်မျတ်နှာကြောင့်
ထင်သည်။ ပျာပျာသလဲပြန်ရှင်းပြလာသည်။

"ကျွန်တော်ပြောတာ အကိုက ကျွန်တော့်ကို
မတ်ဆေ့ ပဲပို့လာတော့မယ်ထင်တာကိုပြော
တာပါ "

"သြော်"

'ငါမှမပြောဖူးတာဘယ်သိမှာလဲ '

သူတို့နှစ်ယောက်စကားပြောနေတုန်းကို
နေကအတော်မြင့်လာသည်။ ဆယ့်နှစ်နာရီ
လောက်ပင်ဖြစ်နေပြီထင်သည်။နေပူလာ
တာကြောင့်ထက်ရှိုင်းသူ့လက်လေးနဲ့သူ
ကာနေမိသည်။

•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]Where stories live. Discover now