အခန်း(၅):နာမည်ပြောင်းပြန်

200 45 12
                                    

(Unicode)
ကောင်းမြတ်နိုင်ယုံယုံ ၊မယုံယုံ
သူရှင်းပြရမည်။အနည်းဆုံးတော့သူ့
ဂုဏ်သိက္ခာကိုအတက်နိုင်ဆုံး
ကာကွယ်ရမည်။ဒါကြောင့်သူသေချာရှင်း
ပြဖို့လုပ်လိုက်သည်။

"ဒါတကယ်မင်းထင်နေသလိုမဟုတ်ဘူး"

' ငါလေးက ငါ့အူကြူးစာဖတ်သူလေးတွေ
ရဲ့ feedback တွေကိုဝင်ဖတ်နေတာဟ 'ဟု
သူအော်ချလိုက်ချင်သည်။ ဒါပေမဲ့မဖြစ်နိုင်။
ဒီလိုအော်လိုက်ရင်သူစာရေးနေတာကို
ကောင်းမြတ်နိုင်သိသွားလိမ့်မည်။
ကောင်း မြတ်နိုင်ကိုလည်းပေးမသိချင်။
ဒါကြောင့်ရှင်းပြဖို့ပဲကြိုးစားလိုက်သည်။

"ဟုတ်"

သူက'ဟုတ်'တစ်လုံးတည်းသာပြန်ဖြေသည်။
ယုံသည်မယုံသည်ဟူ၍မဖြေ။ သူ့စကားကို
လက်ခံသည့်သဘောဖြင့်'ဟုတ်'တစ်လုံးတည်း။ဘာပဲဖြစ်ဖြစ် ထက်ရှိုင်းလွင်ပြောရဦးမည့်စကားရှိသေးသည်။

"မင်းကိုမင်း နာမ်စားသုံးတာ
'ကိုယ်' လို့မသုံးနဲ့ ကြားရတာမကြိုက်လို့"

ဘာပဲဖြစ်ဖြစ်သူက ကောင်းမြတ်နိုင်ထက်
အသက်ကြီးသည့်သူပင်။ပြီးတော့သူကိုယ်
တိုင်ကလည်း ပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြောဖို့ပြောထားသည်လေ။ ဒါကြောင့်
သူမကြိုက်တာကိုမကြိုက်ကြောင်း
ကောင်းမြတ်နိုင်ရဲ့မျက်လုံးများကိုတည့်တည့်
ကြည့်ရင်းဗြောင်ပဲပြောချလိုက်သည်။
ကောင်းမြတ်နိုင်ကအံ့သြသည့်ပုံစံလေးပြသည်။ပြီးတော့သူကခေါင်းတငြိမ့်ငြိမ့်ဖြင့်
ထက်ရှိုင်းလွင်၏စကားကိုသဘောတူလာ
သည်။

" ဒါဆို ကျွန်တော် လို့သုံးရင်အဆင်
ပြေတယ်မလား "

ကောင်းမြတ်နိုင်က မျက်လုံးလေးများ
မှိတ်သည်အထိပြုံးပြသည်။သူ့သွား
ဖြူဖြူလေးများကလည်းအစီအရီ
ပေါ်လာသည်။တကယ်ကိုကြည့်ကောင်းသည့်
သူဟု ထက်ရှိုင်းလွင်တွေးလိုက်မိသည်။
ဒီလိုပုံစံမျိုးမှာသူနဲ့ယှဉ်ရင်ကောင်းမြတ်နိုင်ကပို၍ကလေးဆန်သည့်ပုံလေးပေါက်နေသည်။
သူကောင်းမြတ်နိုင်ပြုံးသလိုလိုက်ပြုံးကြည့်
ရင်တောင်ကောင်းမြတ်နိုင်လို
ကလေးဆန်ပြီးချစ်စရာကောင်းသည့်
ရုပ်ပေါ်မလာနိုင်ဟုထင်မိသည်။

•မင်းနဲ့ငါအပြင်မှာချိန်းမယ်• [Both Zawgyi and unicode ]Donde viven las historias. Descúbrelo ahora