Part-2
သာယာသောနေ့လေးတစ်နေ့တွင် တစ်ခုသောလမ်းကလေးမှာ ဆိုင်ဖွင့်ရင်းအလုပ်ရှုပ်နေကြသောကောင်လေးနှစ်ယောက်
"ဟျောင့် Ton ဟိုလင်မယားနှစ်ယောက်မလာသေးဘူးလား"
"မင်းကလည်းအစောကြီးရှိသေးတာကို သူတို့ကိုသာပြောတာ မင်းကကောဘာလို့အစောကြီးရောက်နေတာလဲ Boun ရှင်းပါအုံး"
"အဲ့ဒါလားငါညီပေါ့ သူက club အတွက်ကူညီရမယ်ဆိုပြီး မနက်အစောကြီးထတာ အဲ့ဒါနဲ့ငါလည်းကားမမောင်းချင်တာနဲ့လမ်းကြုံလို့ ပြီးတော့နောက်နေ့တွေလည်းအဲ့လိုဘဲလိုက်တော့မယ်လို့စဉ်းစားထားတယ်"
"ကောင်းတာပေါ့ ဒါနဲ့ဟိုမှာကြည့်လိုက် မင်းမျှော်နေတဲ့သူတွေရောက်လာပြီ"
~Boun လည်း မှန်တွေခြားထားတဲ့နေရာကနေ အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ အမဲရောင်ကားပေါ်ကနေ ဆင်းလာသောလူသားနှစ်ယောက် ထူးခြားတာကထိုလူသားနှစ်ယောက်ရဲ့မျက်နှာပေါ်ကနေဖြစ်ပေါ်လာတဲ့အပြုံးတွေ ပြီးတော့တစ်ယောက်ကိုတစ်ယောက်ကြည်နူးစွာနဲ့ကြည့်နေတဲ့မျက်လုံးတွေထဲမှာ အချစ်ဆိုတဲ့အရာနဲ့အတူ တစ်ယောက်ကိုတစ်ယောက်ယုံကြည့်မှုဆိုတာကိုလည်းအတိုင်းသားမြင်တွေ့နေရသည်~
"ပြောသာပြောတာမင်းလည်းသူတို့ကိုအားကျနေတယ်မလား"
"ချီးကိုအားကျတာ"
"Ha......"
"ရီမနေနဲ့"ဘာဘဲဖြစ်ဖြစ်ငါတို့ရဲ့သူငယ်ချင်းနှစ်ယောက်ပျော်ရွှင်နေဖို့အဓိကပါဘဲ
"Bounနဲ့Ton အဆင်ပြေလား ငါနောက်ကျသွားလို့တောင်းပန်ပါတယ် ဒီခွေးပေါက်လေးကိုနှိုးနေရတာနဲ့နောက်ကျနေတာ"
"What!ခွေးပေါက်လေးဟုတ်လား ခွေးဘီလူးကြီးမဟုတ်ဘူးလား"
"ဘာ ........"
"ဖြေးဖြေးပြောပါ Earth ရယ် ငါနားစည်ကွဲတော့မယ်"
ESTÁS LEYENDO
Unusual love
Romanceအချစ်ဆိုတာဘယ်ကနေဘယ်လိုပေါက်ဖွားလာကြတာလဲငါတို့အနေနဲ့ကတော့ မြင်မြင်ချင်းအချစ် ရုတ်တရက်ဆန်တဲ့အချစ် နှလုံးသားနဲ့တည်ဆောက်ထားတဲ့အချစ် ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့အချစ် အပြုံးလေးကနေပေါက်ဖွားလာတဲ့အချစ်