💙4💙Unicode

237 20 2
                                    

Part-4

   
လူနှစ်ယောက်လည်း အချိန်အတော်ကြာ
တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြရင်း အရင်ဆုံးအသိစိတ်ကပ်လာသူက Prem

"ဟို.....ကိတ် မှာမလို့"

ထိုအခါမှ Boun လည်းမတ်တပ်ပြန်ရပ်လိုက်ရင်း

"ရတယ် ရတယ် ဘာမှာမလို့လည်း"

"အဲ့အသည်းပုံကိတ်လေးနဲ့ ဟင်....."

*ငါဘာလို့အဲ့ဒါမှာလိုက်မိတာလည်း*

Boun လည်းဆက်မပြောဘဲ တစ်ခုခုကိုစဉ်းစားနေသော ကောင်လေးကိုကြည့်ရင်း ပြုံးနေရာမှ ရုတ်တရက် မျက်ဝန်းထဲကအရည်တစ်ချို့ကထွက်စပြုလာသည်။

"အဆင်ပြေတဲ့ ကိတ်ကိုဘဲချပေးလိုက်တော့နော်"

"ဟိတ်..."

Boun လည်းစကားကိုဆုံးအောင်နားမထောင်ဘဲ လှည့်ထွက်သွားတဲ့ကောင်လေးကိုကြည့်ရင်း ပုံရိပ်ဟောင်းတစ်ချို့ကပြန်ပေါ်လာခဲ့သည်။ Boun တစ်ယောက်သက်ပြင်းသာချရင်း .....

"သတိရတယ် အရမ်းလည်းလွမ်းတယ် မင်းကကော..... ငါကိုတောင်မှတ်မိပါ့မလား အဲ့တုန်းကမင်းအရမ်းငယ်သေးတယ်လေ....."

ကျဆင်းလာပြီဖြစ်တဲ့မျက်ရည်စတွေကို လက်ဖမိုးနဲ့သုတ်လိုက်ရင်း....

"ငါတို့ပြန်တွေ့နိုင်မှာပါ ဟုတ်တယ်မလား"

Prem တွင်လည်း.......

"ဝုန်း....."

Prem ရုတ်တရက်ထိုင်ခုံမှာထိုင်ချလိုက်ကာ လက်ကနှလုံးကိုဖိရင်း အသက်ပြင်းပြင်းရှုနေသည်။ ဘေးနားတွင်ရှိသော လူများကကြောင်ပြီးငေးကြည့်နေကြတယ် ထိုအခါ Pin မှ....

"P'ဘာဖြစ်တာလဲဟင် ဘာဖြစ်လို့လည်းပြောပါအုံး"

"နင်ကလည်းအလန့်တကြားနဲ့ ဘာဖြစ်လာတာလည်း"

ဂျူနီယာလေးနှစ်ယောက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။Prem က..

"ငါနှလုံးရောဂါဖြစ်နေပြီလားမသိဘူး"

"ဟင်......"အားလုံးပြိုင်တူရေရွတ်လိုက်ကြသည်

"နင်ဟာကအဆက်အစပ်မရှိ သေချာပြောစမ်းပါဟ"

"ငါလေလူတစ်ယောက်နဲ့မျက်နှာချင်းဆုံလာခဲ့တာ အကြာကြီးဘဲ ပြီးတော့ဒီလိုဖြစ်လာတာဘဲ"

Unusual love ​Where stories live. Discover now