Part-3
"P'က club ကိုဦးဆောင်ပြီးမင်းတို့အရည်အချင်းတွေကိုတိုးတက်လာအောင်လုပ်ပေးမှာပါ P' ရဲ့ဦးဆောင်မှုနောက်ကိုလိုက်နိုင်မယ်လို့ထင်ပါတယ်"
~အော်သံတွေနောက်တစ်ကြိမ်ထွက်ပေါ်လာပြန်တယ် ဒီတစ်ကြိမ်တွင်တော့ Ohm ကကျောင်းသားတွေအုပ်စုကိုကြည့်နေတယ် တစ်နေရာအရောက်တွင် သူ့ရဲ့မျက်လုံးတွေဆက်မသွားဘဲရပ်တန့်နေခဲ့တယ် တရားခံကတော့ အခြားသူတွေနဲ့မတူဘဲ ထိုလူသားလေးရဲ့အပြုံးကအရမ်းကိုတောက်ပနေတယ် ယောကျာ်းလေးဖြစ်ပေမယ့်ပန်းရောင်ဟူဒီအင်္ကျီလေးနဲ့အသားရောင်ဘောင်းဘီတိုလေးဝတ်ထားသော ထိုလူသားလေးရဲ့အပြုံးက Ohm ကိုဖမ်းစားနေခဲ့တယ် အဲ့အချိန် အော်သံတွေကပိုပြီးကျယ်လောင်လာခဲ့တယ် ဒီတစ်ခေါက်အော်သံတွေရဲ့တရားခံကတော့ Ohm ကိုယ်တိုင်ပင်ဖြစ်သည်~
"ဟဲ့.....P'Ohm အခုလိုပြုံးလိုက်တာ ငါနှလုံးခုန်တွေရပ်တော့မလို့ဘဲ"
"ငါ့ကိုတစ်ယောက်ယောက်ကယ်တင်ပေးကြပါအုံး"
"အမေရေ..... ဒီနတ်သားလေးကဘယ်သူ့အတွက်လည်း"
~ကောင်မလေးတွေရဲ့တီးတိုးပြောသံတွေထွက်ပေါ်လာခဲ့သည်။ထွက်ပေါ်လာသည့်အကြောင်းရင်းကတော့ Ohm ကခါတိုင်းလို နှုတ်ခမ်းလေးကွေးယုံလောက်ပင်ပြုံးတာမဟုတ်ဘဲ ရှေ့သွားလေးတွေပေါ်တဲ့အထိပင်ပြုံးနေပြီး ပါးချိုင့်လေးတွေကပင် အခုမှအသက်ဝင်သလိုပြုံးနေတာကြောင့်ပင်ဖြစ်သည်။Ohm လည်းသတိပြန်ကပ်လိုက်ရင်း....~
"အဲ့တာဆို P'တို့ပထမဆုံးအနေနဲ့ကိုယ့်စိတ်ထဲမှာရှိနေတဲ့ပုံရိပ်လေးကို ရေးဆွဲကြည့်ရအောင် ပန်းချီပစ္စည်းတွေကိုတော့ P'Shion ဆီမှာသွားထုတ်လိုက်ပါ သူလည်း P'လိုဘဲကူညီပေးမဲ့တစ်ယောက်ပါ"
~ကျောင်းသားတွေလည်း Ohm ညွှန်ပြတဲ့နေရာကိုကြည့်တော့ မိန်းကလေးတစ်ယောက် သို့ပေမယ့် ၀တ်ထားသည်က လက်ပြတ်အဖြူတီရှပ်ကိုမှစတိုင်ဘောင်းဘီအမဲ ဆံပင်ကိုလည်း ယောကျာ်းလေးပုံစံပင်ညှပ်ထားသောသူမ လျှပ်တစ်ပြက်ကြည့်လျှင် ယောကျာ်းလေးပုံစံ သို့ပေမယ့် မိန်းကလေးတစ်ယောက်ရဲ့သဘာဝအသွင်အပြင်ကတော့သူမတွင်ရှိနေ၍ မိန်ကလေးမှန်း မျက်မှန်းတန်းမိသည်~
BINABASA MO ANG
Unusual love
Romanceအချစ်ဆိုတာဘယ်ကနေဘယ်လိုပေါက်ဖွားလာကြတာလဲငါတို့အနေနဲ့ကတော့ မြင်မြင်ချင်းအချစ် ရုတ်တရက်ဆန်တဲ့အချစ် နှလုံးသားနဲ့တည်ဆောက်ထားတဲ့အချစ် ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့အချစ် အပြုံးလေးကနေပေါက်ဖွားလာတဲ့အချစ်