💙6💙

215 14 2
                                    

Part-6

Flash Back

"အမေ သားပြန်ရောက်ပြီ"

"ပြန်ရောက်ပြီလား ဒီကိုလာပါအုံးအမေအရေးကြီးပြောစရာရှိလို့"

"ဘာပြောမလို့လည်း သားအခုဗိုက်ဆာနေတယ် တစ်ခုခုလုပ်ပေးအုံး နော်အမေ"

"ဒီကလေးကတော့လေ စားမယ်ဆိုတာကြီးဘဲ ခဏနေပါအုံး ပြီးတော့ အမေပြောတာသေချာနားထောင် ဒီနေ့လေအမေ့ရဲ့သူငယ်ချင်းနဲ့တွေ့ခဲ့တယ်"

"အမေ့ရဲ့သူငယ်ချင်းနဲ့တွေ့ခဲ့တာသားနဲ့ဘာဆိုင်လို့လည်း"

"ဒီကလေးကတော့လေ အမေဒီနေ့တွေ့ခဲ့တာ အန်တီ Poon ကိုသိပြီလားအခု"

"အန်တီ Poon အဲ့တာဘာဖြစ် ဟင်..."

"အမလေးလန့်လိုက်တာဖြေးဖြေးပြောပါဟယ် ငါနှဲ့အသက်ထွက်တော့မှာဘဲ ဒီကလေးနဲ့တော့"

"အမေကလည်းစကားများလိုက်တာ သားကိုအဲ့အကြောင်းပြောပါအုံး အန်တီ Poon နဲ့တွေ့ခဲ့တော့ P'Boun ကိုရောမတွေ့ခဲ့ဘူးလား"

"သားရယ်စိတ်အေးအေးထားနော် အမေပြောပြမယ်"

သားအမိဆိုတဲ့ဆက်ဆံရေးထက် သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးကပိုမှန်လိမ့်မယ် Prem ရဲ့အမေကလူငယ်လေးတစ်ယောက်လိုဘဲ ပြီးတော့ တစ်ဦးထဲသောသားလေး Prem ကိုလည်းပခုံးဖက်ပြီးတော့ကိုပေါင်းတာ ဒီနေ့လည်း Prem မွေးထဲကအိမ်နီးချင်းဖြစ်ခဲ့တဲ့အပြင်အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့  Poon နဲ့စင်တာတစ်ခုမှာတွေ့ခဲ့တယ် Prem ရဲ့အဖေဘက်ကအဖိုးကနေမကောင်းတော့ မြေးလေးတွေကိုတွေ့ချင်တယ်ဆိုလို့ Prem တို့မိသားစုနဲ့ Prem ရဲ့အမေဘက်က Pin ရဲ့မိသားစုလေးကပါ ကနေဒါကိုပြောင်းသွားရတယ် အဲ့မှာဘဲနေခဲ့ပြီး uni တက်တော့မှပြန်ပြောင်းလာတယ် ဒါပေမယ့် ကနေဒါမှာနေတုန်းကသူ့ရဲ့သားလေးကတစ်စုံတစ်ယောက်ကိုအမြဲတမ်းလွမ်းနေတယ်ဆိုတာကိုတော့သူသိနေခဲ့တယ် တစ်စုံတစ်ယောက်ဆိုတာလည်းအခြားသူမဟုတ် Prem ကိုမွေးပြီးငယ်ငယ်ထဲကထိန်းပေးခဲ့တဲ့ Poon ရဲ့သားလေး Boun ပြီးတော့ Prem လေးကသူ့ရဲ့ကိုကိုစိတ်မကောင်းဖြစ်မှာစိုးလို့ ကနေဒါကိုပြောင်းမှာကိုမပြောပြခိုင်းခဲ့ဘူး အသက် ၁၁ နှစ်အရွယ်ကလေးလေးကသူ့ရဲ့ကိုကိုစိတ်မကောင်းဖြစ်မှာစိုးလို့တဲ့လေ  Boun တစ်ယောက်ကတော့မသိခဲ့ဘူး ကစားကွင်းလေးမှာသူ့ရဲ့သူငယ်ချင်းတွေနဲ့ပျော်နေခဲ့တယ် ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာနည်းနည်းထူးဆန်းနေခဲ့တယ် Prem ပြောသွားခဲ့တဲ့စကားတွေကိုပေါ့

Unusual love ​Donde viven las historias. Descúbrelo ahora