💙5💙

147 15 0
                                    

Part-5

"P'Boun မနက်ကျစောစောထနိုင်လို့လား ကျွန်တော်က club ကိုစောစောသွားပြီးလေ့ကျင့်မလို့ "

"ဘာ မင်းကဘာများလေ့ကျင့်စရာရှိလို့လည်း Ohm ရဲ့ ဒါမှမဟုတ် မင်း...."

"လျှောက်ပြောမနေနဲ့ မနက်ဖြန်စောစောထနိုင်အောင်သာလုပ်စမ်းပါ အခုတောင် ၁၁ နာရီကျော်နေပြီ မနက်ဘယ်အချိန်ထမှာလည်း "

"အာ... အချိန်တောင်အဲ့လောက်ရှိသွားပြီလား  ငါသွားအိပ်တော့မယ် Good Night ငါရဲ့အချစ်ဆုံးညီလေးရေ"

"လွှတ်စမ်းပါ ရူးနေပြီလား အိပ်မှာဖြစ်သွားအိပ်တော့ ပွတ်သီးပွတ်သပ်နဲ့ "

"ငါ့ချစ်ညီလေးကလည်း မွ......."

Boun လည်း Ohm ရဲ့ပါးကိုနမ်းပြီး လှမ်းစရင်း အပေါ်တက်ကိုပြေးတက်သွားသည်။ Ohm ကတော့ P'Boun ဟုသာအော်ရင်း ခေါင်းခါလိုက်မိတော့သည်။ညီအစ်ကိုပေမယ့် သူငယ်ချင်းလိုပေါင်းသင်းတော့ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားသောအရာပင်မရှိ ပြီးတော့ Bounရဲ့နှလုံးသားထဲကလူတစ်ယောက်ကိုတော့ဘယ်သူမှမသိပေမယ့် Boun ပြောပြထားတော့သူသိနေသည်။Ohm ကသူကိုအရမ်းနားလည်နိုင်တော့ ယောကျာ်းလေးတစ်ယောက်ကိုစိတ်ဝင်စားမိနေတာ မဟုတ်ဘူး မြတ်နိုးတာ ပြီးတော့ချစ်တာ သူအခုချိန်ထိစောင့်နေခဲ့တာဘဲကြည့် သူကိုစိတ်ဝင်စားတဲ့သူမှန်သမျှကိုသူလက်မခံခဲ့ပင် အစ်ကိုပေမယ့် အခြားသူများအမြင်မှာတော့သူကအစ်ကို အမြဲတမ်းမျက်နှာတည်ပြီး Handsome ဘက်သွားတော့ လူငယ်ဆန်ဆန် ဆံပင်အဝါကိုမှစည်းထားပြီး သူလို Muscle တွေမရှိဘဲပိန်ပေမယ့် တစ်ခါမြင်လိုက်ရင်နောက်တစ်ခါပြန်လှည့်ကြည့်ရလောက်အောင် အရမ်းကိုယောကျာ်းဆန်လွန်းတယ်  လူမှုဆက်ဆံရေးမှာတော့ အပေါင်းအသင်းများလောက်အောင် ခင်မင်ဖို့ကောင်းပြီး ပွင့်လင်းတယ် Ohm ကတော့သူငယ်ချင်းဆိုသည်မှာ Shoin နဲ့ Wine လောက်သာနောက်တစ်ယောက်ကတော့ P'Boun ပေါ့ Ohm လည်းပြုံးနေရင်း....

"သားမအိပ်သေးဘူးလား သားအသံကြားလိုက်လို့ဘာလရန်ဖြစ်ပြန်ပြီလား "

"အမေနိုးသွားတာလား သားတောင်းပန်ပါတယ် P'Boun စလို့သားအော်လိုက်မိတာ အဖေကောနိုးသွားသေးလား"

Unusual love ​Tempat cerita menjadi hidup. Temukan sekarang