Part(2)

522 21 5
                                    

Unicode

ချစ်ခြင်းတရားဆိုတာ ဘာလဲ
အချစ်ဆိုတာ ဘာလဲ
ွနာကျင်ခြင်းတွေ ရက်စက်မှုတွေ လူသားမဆန်မှုတွေ
အလိုရမက်တွေဆိုတာ ကျွန်တော်သိတဲ့အရာတွေဘဲ

တစ်ညတာကို မိန်းမတစ်ယောက်နဲ့ အိပ်ယာ ပေါ်မှာကုန်ဆုံးမိရင် ဒါကို ဘာလို့သတ်မှတ်မလဲ အလိုရမက်ပြင်းပြတဲ့လူလား
တဏှာကြီးတဲ့လူလား

ဆက်ဆံခြင်းဆိုတဲ့ လူသားတစ်ဦးနဲ့တစ်ဦး ယှက်နွယ်​ခြင်းမှာ ကျွန်တော်တို့မသိတဲ့အရာတွေ ပါဝင်လိမ့်မယ်
အချို့သော အလိုရမက်တွေ အတွက် အချို့သော ဘဝတွေ ပျက်စီးသွားကြတယ် အချစ်ဆိုတဲ့ အရာတစ်ခုအတွက် အချို့ဘဝတွေလဲ စုတ်ပြတ်သက်သွားကြတယ်
"ချစ်တယ်ကွာ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ တစ်ဘဝလုံးစာ လိုက်လျော ပေးလိုက်ရတဲ့ လူတွေရှိတယ်

လူအချို့က ချစ်ခြင်းတရားဆိုတာ S E X ဆိုတဲ့ စကားလုံးသုံးလုံးလို့ပဲ ယူဆထားကြတယ်
အင်း အဲ့လိုယူဆထားတာလဲသိပ်တော့မမှားပါဘူး
ချစ်လွန်းလို့ လက်ထပ်ပြီးရင် အသွေးအသားချင်း ဆက်နွယ်ကြတာဘဲ ဒါပေမယ့် အချစ်ဟာ ဆက်ဆံခြင်းတစ်ခုတည်းနဲ့ ပြီးဆုံးသွားတဲ့ အရာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိသင့်တယ်
ဒါ Draken Raavee ဆိုတဲ့ ကျွန်တော့် အတွေး

London မြို့ရဲ့ မိုးကတော့ အငြိုးနဲ့ကို ရွာသွန်းနေတော့တာပါ
ခိုနားရာမှာ တစ်ညတာကို အဆုံးသတ်ပြီး နောက်ထပ် နေ့ရက်တွေ ရှေ့ဆက်ရမယ်
Daddy က လွတ်လပ်ခွင့် ၄ လပေးပြီး ကတည်း က ကျနော့်ကို အလုပ်လုပ်ခွင့်ပါပိတ်ပြစ်လိုက်တယ်
Black card ပါလာပေမယ့် ဒီလို ချို့ချို့တည်းခိုခန်း လေးမှာ နေတဲ့ အကောင်က black card ထုတ်သုံးတယ်ဆိုရင် လူတွေ သံသရ ဖြစ်လိမ့်မယ် ဒါကြောင့် ကျွန်တော့ အလုပ်လုပ်ရမယ်

အလုပ်ရှာဖို့ ခြေလှမ်းတွေပြင်ဆင်လိုက်တယ်
မထင်မှတ်ဘဲ လှေကား ထောင့်ကွေး တစ်မှာ
မနေ့က လူသားနဲ့ တိုက်မိတော့
ထိုအကောင်ပေါက်က နောက်သို့ ယိုင်ကျသွားသောကြောင့်
ဖမ်းဆွဲစဥ် ရင်ထဲသို့ ပြိုလဲ ကျလာသော ဆံပင်အနက်ရောင်နဲ့လူသား

ရင်ခွင်ထဲမှ အကောင်လေးအား ငုံကြည့်တော့ ပြူးတူးတူးပြဲတဲ မျက်နှာပေးနှင့် ရင်ခွက်မှ ရုံးထွက်သည်

Never Let Me Go (Holding You)Where stories live. Discover now