Unicode
ချစ်ရတဲ့ သူက အခြားသူ ရင်ခွင်ထဲရောက်နေတာကို ကြည့်ပြီး ကျေကျေနပ်ပြုံးနေနိုင်မလား
ကျုပ်ဖို့ကတော့ လုံးဝပဲ
Dylan Levi ဆိုတဲ့ ကျုပ်ဘဝမှာ လိုချင်တာမှန်သမျှကို ရအောင်ယူခဲ့ဖူးတယ် ဒါမို့ ဒီလူသားကို လည်း ကျုပ်အပိုင်ဖြစ်လာအောင်လုပ်မှာ
အသားဖြူဖြူ အရွယ်ခပ်သေးသေး အာရှသားလို့ ယူဆရတဲ့ ကောင်ကို ဘာကြောင့်မှုရမှာလဲ
အဲ့ ဆံပင်အနက်တွေနဲ့ကောင်က သူယောက်ကျားဆိုလည်း ကျုပ် သတ်ပစ်ဖို့ ဝန်လေးမှာမဟုတ်ဘူး
ရာဇဝင် ထဲက ရာဝဏ ဆိုတဲ့ နေရာကို ကျုပ် ယူပစ်မယ်
ခင်ဗျား အတွက် ကျုပ်ချစ်တွေကို ပေးမယ်
ခင်ဗျား တစ်ယောက်တည်း အတွက်ပေါ့
ဒုသနသော နဲ့ ငရဲ ကျရင်လည်း ကျပါစေ
ခင်ဗျား အတွက်နဲ့ ကျတာပဲ ခင်ဗျားကိုယူပြီး ငရဲကို မကြောက်မရွံ သွားပစ်မယ် ပြီးရင် ယမမင်း ကြီးကို ပြုံးပြပြီး "Thanks"လို့ပြောပစ်ဦးမယ်...အချိန်အားဖြင့် ၅ လနီးပါး ရှိလေပြီ
Janal ၏ ဗိုက်လေးလည်း အတော်အသင့်ပူလာခဲ့ပြီ
ွRaavee လည်း ဂိုဏ်းအလုပ်တွေလုပ်ရင်း Janal ကို ဂရုစိုက်ရင်း အတော်လေး အလုပ်များနေခဲ့သည်
၅ လပြည့်ပြီး နောက်ရက်တွင် Janal အိပ်သို့ မဖိတ်ခေါ်ထားသော ဧည့်သည် တစ်ယောက် ရောက်ရှိလာခဲ့သည်
ထိုဧည့်သည် ကို Janal ကိုယ်တိုင် တံခါးဖွင့်ပေးပြီး ဝင်လာခဲ့မိစေသည်
တစ်ခါမျှ မမြင်ဖူးသည့်သူစိမ်းတစ်ယောက်ကို အိမ်ထဲ ဝင်ခိုင်းခြင်းမှာ ရူးကြောင်ကြောင်နိုင်သည်
Janal ဘာကြောင့်ထိုသို့ လုပ်မိသနည်း
အဘယ်ကြောင့်ဆိုသော် ထို လူ့လက်ထဲမှ သေနတ် ကြောင့်ပင်
ဧည့်ခန်းတွင် ထို လူနှင့် သူတို့ မျက်နှာ ချင်းဆိုင် ထိုင်နေပြီး ထို လူ့သေနတ်မှာ Janal ၏ နဖူးသို့ ချိန်ရွယ်ထားသည်
ပြီးနောက် ထိုလူမှ"ဟိုင်း အာရှသားလေး ကိုယ့်ကို မကြောက်ပါနဲ့
Hk မကြောက်လို့တော့ မရဘူးလေ မင်းကို သေနတ်နဲ့ ချိန်ထားတဲ့ ကောင်ကို မကြောက်ရင် မင်းရူးနေလို့ပေါ့ ဟား ဟား"ဝမ်းခေါင်း သံဖြင့်အော်ရီနေပြီး အစဥ်အလျှော်မတည့်သော စကားများပြောနေသည့်သူ့ကို ကြောင်အစွာ ကြည့်နေမိသည်
ပုံမှန်အခြေအနေဆိုလျှင် ထိုသူ့ကို တစ်ခုတစ်ခု ပြန်လုပ်ပြီးနေပြီ
သို့သော် ဗိုက်ထဲမှ Lemon လေးကြောင့်သာ ကရာတေး ခါးပတ်နက်ရထားသော Janal တစ်ယောက်မာန်လျော့ထားရသည်
သို့သော် သူ သေနတ်ပြောင်းကိုမကြောက် သူ့ကလေး အတွက်သာ စိတ်ပူသည် လူ့လောက ထဲ မရောက်သေးသော ကလေးကို သဘာဝပတ်ဝန်းကျင်အား ထိတွေ့စေချင်သည်
မိဘ မေတ္တာငတ်ဖူးသော သူ့ကဲ့သို့ မဖြစ်စေချင်
ကလေးလေးကို လူ့လောကထဲ ခေါ် ပြီး မေတ္တာ များ ပေးချင်မိသည် အဖေလည်း သူ အမေလည်း သူ
Lemon လေး သူ့အား ပါးပါး ဟုခေါ်မည့် အသံလေးကို ကြားချင်မိသည်
သေရမှာကို သူမကြောက်ပါ သို့သော် Lemon လေးလူ့လောက ထဲသို့ မရောက်လာမှာကိုတော့ သူကြောက်ရွံမိသည်
ထိုသည်တို့ကိုတွေရင်း မျက်ရည်များကျလာအခါ အရှေ့မှလူက
YOU ARE READING
Never Let Me Go (Holding You)
Romanceတွေ့ဆုံရ ရင် ခွဲခွာရမှာဘဲ တစ်သက်လုံးစာအတွက်ရည်ရွယ်ပြိး လက်ထပ်ထားတဲ့ လူတွေတောင် ကွာရှင်းတတ်ကြတာပဲ မတည်မြဲ တဲ့ လောက ကြီးမှာ ဘာကိုများ မျှော်လင့် နိုင်ဦးမလည်း ဒါပေမယ့် ကိုယ့်မှာ ေမျှာ်လင့်ချက်လေးတစ်ခုတော့ရှိတယ် အဲ့တစ်ခုက "မင်းကိုယ့်ကို ဘယ်တော့မှ လက်မလ...