Part(5)

227 6 0
                                    

Unicode

မှားနေတဲ့ အမှန်တွေကို ဘယ်လို ဖော်ထုတ်ကြမလဲ
အမှန်တရားဟာ တည်ရှိနေပေမယ့် တစ်ခါတစ်ခါ ထုတ်ပြဖို့ ခက်ခဲမယ် မလား
အချိန်တစ်ခုမှာ ထွက်ပေါ်လာမယ့် စစ်မှန်မှုတွေကို စောင့်ရင်း အိုမင်းသွားကြရမှာလား
လိမ်ညာမှုတွေ ပြည့်နက်နေတဲ့ လူနေမှုဘဝတွေထဲ စစ်မှန်မှု တွေက ယောင်ဝါးဝါး
အခုဖြစ်တဲ့ အရာ မှာ ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ဘယ်သူက စွပ်စွဲခံရတာလဲ
ကျနော်တို့ စစ်မှန်မှုတွေကို ဖွေရှာရင်း အမှားတွေခဲ ရှင်သန်ကြရအောင်

Janal စကားမပြောနိုင်တော့
ဆရာဝန်ပြောကြားချက်အရ Janal သည် အကြောက်လွန်သွားသောကြောင့် ခဏတာ စွန့်အ သွားခဲ့ခြင်း
ထို့တစ်ပါး အခြားသောအရာတစ်ခုမှာ Janal သည် သားအိမ်ပါသော သူတစ်ဦး ဖြစ်နေခြင်းပင်......
ကံတရားက ဆန်းကြယ်သည်
ကျနော် ကံကိုယုံ၍ ဆူးပုံ နင်းခဲ့ခြင်း မဟုတ်
ဤလူသားကို ကာကွယ်ပေးချင်မိသည် အနွေးဓာတ်ပေးချင်သည်
Janal ရဲ့ အခန်းဟာ အခု လူနှစ်ဦးဖြစ်ချေပြီ တစ်ခါတစ်ခါ Mafeed အလည်လာရောက်သည်
ဖြစ်ပျက်ပြီးသမျှ တစ်ပတ်အတွင်း Janal ဟာ ငူငူငိုင်ငိုင်မျှသာ
အပြုံးအရယ်မရှိ သွက်လက်သော ကလေး ကို ပြန်လိုချင်မိသည်
ညသန်းခေါင်ယံမျိုး တွင် "လ" ကို ဗလာမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေတတ်သည့် လူတစ်မျိုး ဖြစ်ချေပြီ
ထိုမြင်ကွင်းကို မြင်ရသော ကျနော့် အဖို့ ကျနော်မဟုတ်သော ကျနော်ဟု မြင်မှားနေသော သူကို သတ်ချင်မိသည်
လသာသာ ကို ငေးကြု့်နေသော သူ့ပုခုံးကို စုတ်ကိုင်မိပြီး မေး အပ်မိသည်
"ငယ် မင်း ခံစားနေရတာတွေ ကိုယ်သိပါတယ်
မင်းကို ဒီလို ဖြစ်အောင် လုပ်တဲ့လူကို ကိုယ် သတ်ပစ်ချင်တယ်သိလား
မင်းနဲ့ ပက်သက်ပြီး ဖြစ်ပေါ်လာတဲ့ အရာအားလုံးကို ကိုယ်ကျေနပ်နေပြီးသာမို့
ှေရှ့ဆက် ဖြစ်လာမယ့် ပြသနာတွေကို ကိုယ်မကြောက်ဘူးသိလား ငယ်"
ခါးသွယ်လေးကို ယှက်ထားသည့် လက်ကို လက်နုနုလေးဖြင့် ပြန်လည်စုပ်ကိုင်လာပြီး
ကျနော့် ဘက်သို့မျက်နှာ လှည့်ကာ
မျက်ရည်အချို့ ပြည့်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည့် ငယ် နှင့် နဖူးချင်းတေ့ထားမိသည်
ပြီးနောက် အိပ်စက်ရာ အိပ်ရာ ဆီသို့

Never Let Me Go (Holding You)Where stories live. Discover now