Part(8)

146 10 0
                                    

Unicode

လူသားတစ်ဦးက အခြား လူသားတစ်ဦးကို ချစ်ကျွမ်းဝင် ကြတဲ့အခါ
မည်သို့သော အရာများကို ထိုလူသားအတွက် ပြုလုပ်ပေးချင်ကြသနည်း.....

ကိုယ့် အဖြေကတော့ သိပ်ကိုရိုးရှင်းမယ် ထင်ပါရဲ့...
မင်း အဖို့ မင်းလိုအပ်တာ မှန်သမျှ အကုန်လုပ်ပေးမယ်
မင်း စားချင်တာတွေ ချက်ပြုတ်ပေးတာက အစ
မင်း လို အပ်တာတွေ အကုန်ဖြည့်စည်းပေးမယ်....
ရယူမှုတွေမပါပဲ ချစ်ခဲ့သည့် ချစ်ခြင်းမို့
မင်းက တော့ ဒီလူမိုက်ခေါင်းဆောင်းက အတော်ရိုးသားတယ် လို့ထင်နေမိမှာပဲ
အမှန်တော့ မဟုတ်ဘူးကွ ကိုယ်လည်း အသွေးနဲ့အသားနဲ့
ချစ်မှတော့ ပိုင်ဆိုင် ချင်တာပေါ့ကွာ ဒါပေမယ့်
အခြားသူဦးသွားခဲ့ပြီလေ
ကိုယ်ပျိုးထားတဲ့ ပန်းလေး အခြားသူ ခူးပြီး သူ့ခေါင်းထက်မှာ လှလှ ပန်သွားပြီလေ.....

ခပ်ရှုပ် ရှုပ်အတွေးများသည် ညအချိန်တွင် Raavee အားအမြဲလိုလို နှိပ်စက်တတ်သည်
တစ်အိပ်ရာထဲ အတူအိပ်နေသော်လည်း ဝေးနေသည့် ခံစားချက်ကို
မပိုင်ဆိုင်သူသာ နားလည်နိုင်လိမ့်မည်
ထွက်သွားမှာစိုးရိမ်သဖြင့် လက်များကို ခပ်တင်းတင်း စုပ်ကိုင်မှုသောအခါ အိပ်မောကျနေသူက အနည်းငယ်လူးလွန့်လာသည်
ဤ မျက်နှာ လေးအား အသက်ရှင်နေသည့် ကာလတစ်ခုလုံး ကြည့်နေချင်ပါသည်

နောက်တစ်ပတ်တွင် Raavee အား သူ့Daddy ပေးထားသော လေးလ ပြည့်လေပြီ
ထိုအရာအား သတိရလာပြီး မျက်လုံးဖွင့်မိသောအခါ မနက်က ၆ နာရီ
ထို အချိန်ဘေးမှ Koala က ဇတ်ကနဲ ကောက်ထပြီး အိမ်သာဖက်သို့သွားသောကြောင့် နောက်က အပြေးလိုက်မိသည်
ထိုးအန်နေသော အကောင်ပေါက်အား သက်သာစေရန် ကြောအား နှပ်ပေးမိသည်
အန်ပြီးနောက် မိမိ ဘက်သို့ အရည်လဲ့သော မျက်လုံးများဖြင့် လှည့်ကြည့်လာသော သူ့ကြောင့် စိုးရိမ်မှု သည်ထိပ်ဆုံးသို့ရောက်ရှိပြီး ဆရာဝန်ဆီသို့ ခေါ်သွားမိသည်

ဆရာဝန်ဆီမှ ကြားရသည့် သတင်းသည် Raavee အား ခံစားချက်နှစ်ခုကို ခံစားမိစေသည်
ထိုအရာကား ပျော်ရွှင်ခြင်း နှင့် ဝမ်းနည်းခြင်း

စစ်ဆေး အပြီး လိုအပ်သည်များကို ပြုလုပ်ပေးကာ အိမ်သို့ပြန်ခဲ့သည်
Janal ကတော့ သူ့ဗိုက်ကလေးကိုသာ ပွတ်ရင်း အပြုံးများဝေဆာနေသည်
ပျော်ရွင်ခြင်း သည် ကူးစက်တတ်သည်မှာ ပိုမှန်သည်
Janal ကိုကြည့်ရင်း Raavee ၏ နှုတ်ခမ်း ထောင့်များကော့ညွှတ်လာသည်
ဤအခြင်းအရာကို မြင်လိုက်ရသော Janal သည် ခဏတာ မင်သက်မိပြီး
"အကို အမြဲ ပြုံးနေပါလား ဟင်"

Never Let Me Go (Holding You)Where stories live. Discover now