Unicode
စွတ်စိုနွေးထွေး တဲ့ အပူဓာတ္ကို အခြားတစ်ယောက်ရဲ့ နှုတ်ခမ်းကနေတစ်ဆင့် ရယူနိုင်တယ်ဆိုတာ ခင်ဗျားယုံလား
ကိုယ်ပေါ့မှာ မိုးရေတွေ စိုနေပေမယ့် နှုတ်ခမ်း တစ်နေရာက နွေးထွေးနေတာ ဘာကြောင့်လဲ
အုပ်ကိုင်ထားမိတဲ့ တစ်စုံတစ်ယောက် ရဲ့ပါးပြင်ဟာ ဘာကြောင့် ပူနွေးနေကြတာလဲ
ဒါက အခ်စ္လား ဒါမှ မဟုတ် တပ်မက်မှုတစ်ခုလား
ဒါကို ထပ်စမ်းသပ်သင့်လား
ဒါမွ မဟုတ် ဘာကြောင့် လူနှစ်ယောက်ဟာ မိုးရေ ထဲမွာ ငပ္မွတ္စြာ နမ်းရှုံ နေကြရတာလဲ
အနမ်းဆိုတာ အခ်စ္တစ္ခု ပေါက်ဖွားလာခြင်းရဲ့ အစပြုမှုတစ်ခုလား..........မိုးခြုန်းသံ တစ္ခုအဆုံး နှုတ်ခမ်းသားတွေ ထိကပ်မှုကို ဆုတ်ခွာလိုက်မိသည်
မျက်ဝန်းငယ်တွေနဲ့ ကြည့်နေသည့် ကေလး အား အားနာမိသည်
ဘာကြောင့် သူ့ကိုနမ်းမိမှန်းမသိ စိတ်ရဲ့ စေ့ဆော် မှု တစ်ခုကြောင့်လား ဘာကြောင့်လဲ
ဒါမွ မဟုတ် ရမက်
ခေါင်းတွေ ချာချာလည် အောင်စဉ်းစားမိသော်လည်း သောက်ထားသည့် အရာကြောင့် ဘာအဖြေမှ ထွက်မလာခဲ့
ဒီလိုနှင့် ကျနော်တို့ မိုးရေထဲတွင် ၅ မိနစ်လောက်ကြာအောင် ရပ်မိနေခဲ့ကြသည်
"အကို ကျွန်တော် အေးနေပြီ"
တစ်စုံတစ်ယောက် ၏ စကားကြောင့် ရပ်နေသည့်လောကသို့ စိတ်များ ပြန်လည် ရောက်ရှိလာပြီး
"အင်း အင်း ဒါဆို ကိုယ်တို့ပြန်ရအောင်"
တည်းခိုရာနေရာသို့ ပြန်လာသည့်လမ်းတစ်လျှောက် လေထုသည် ထူးခြားစွာ အေးစက်နေသည်ကို သတိထားမိသည်
တစ်ဦးစီနှင့်သက်ဆိုင်သည့် အထပ်သို့ မသြားမွီ
သူ့အားလိုက်ပို့ရန် သူ့အခန်းရှိရာသို့ ခြေဦး လှည့်မိသည်
အခန်း တွင်းသို့ မဝင် မွီ နောက်ပြန် ကြည့်ကာ ပြုံးပြပြီး
"ကျနော် တောင်းပန်ပါတယ် မူးသွားလို့ပါ....စိတ်ထဲ မထားပါနဲ့အကို"အမှောင်ထုထဲတွင် အဖြူရောင်အလင်းလေး ပြီး အမဲရောင် အလင်းနှစ်ခု
အမဲရောင်အလင်းတန်းတစ်ခုဆီမှ
"ငယ် ကိုယ့်ဆီလာခဲ့"
နောက်ထပ် အမဲရောင်အလင်းတန်းမှ
"ငယ်လေး ကိုယ့်ဆီလာပါ"
အဖြူရောင်အလင်းတန်းလေးမှာ အမဲရောင်လင်းတန်းနှစ်ခုအလည်တွင် ရပ်နေသည်
ထိုစဉ် အနီရောင် အလင်းတန်း တစ်ခုထွက်ပေါ်လာပြီး အမဲရောင်အလင်းတန်း တစ္ခုကို ခေါ်ဆောင်သွားသည်
ယခု အခါ အမဲရောင် နှင့် အဖြူရောင် အလင်းတန်းနှစ်ခုသာ ကျန်ရှိနေသည်
YOU ARE READING
Never Let Me Go (Holding You)
Romanceတွေ့ဆုံရ ရင် ခွဲခွာရမှာဘဲ တစ်သက်လုံးစာအတွက်ရည်ရွယ်ပြိး လက်ထပ်ထားတဲ့ လူတွေတောင် ကွာရှင်းတတ်ကြတာပဲ မတည်မြဲ တဲ့ လောက ကြီးမှာ ဘာကိုများ မျှော်လင့် နိုင်ဦးမလည်း ဒါပေမယ့် ကိုယ့်မှာ ေမျှာ်လင့်ချက်လေးတစ်ခုတော့ရှိတယ် အဲ့တစ်ခုက "မင်းကိုယ့်ကို ဘယ်တော့မှ လက်မလ...