Part(9)

126 8 0
                                    

Unicode

ငိုကြွေးနေမိရင်း တစ်စုံတစ်ခုကို သတိရမိသည်
Mommy ဆုံးစဥ်ကကျွန်တောျငိုခဲ့သညျ
သို့သော် Daddy က မငိုခဲ့
ပြီးတော့ စကားတစ်ခွန်းပြောခဲ့ဖူးသည်

"သား ယောက်ကျားဆိုတာ မငိုရ ဖူးကွ
ငိုနေမယ့် အချိန်မှာ မင်း အဲ့ ပြသနာကို ဖြေရှင်းနိုင်အောင်ကြိုးစားရမယ် မင်း မျက်ရည်တွေသုတ်"

ထို အချိန်မှစ၍ ကျွန်တော့် မျက်ရည်များ ခမ်းသွားသည်မှာ ယခုအချိန်ထိပင်
သို့သော် ယခုအချိန်သည် ကျွန်တော့် ဘဝတွင် ဒုတိယမြောက် အကြိမ် ကျခဲ့ရသည့် မျက်ရည်ပင်.....

Daddy ပေး ထားသော ၄ လ ကား ပြည့်လေပြီ
ထို့ကြောင့် Janal အား ရှင်းပြကာ Daddy ဆီသို့ ထွက်လာမိသည်

အိမ်တော် ဝန်းထဲသို့ ဝင်ဝင်ချင်း ကားအမည်း ပေါင်း များစွာ ရပ်ထားသည်ကို ကြည့်ခြင်းအား ဖြင့် အိမ်တော် တွင် အစည်းအဝေးရှိသည်ကိုသိနိုင်သည်

အိမ်တော်ထဲ သို့ရောက်သောအခါ Daddy လူများက ကျွန်တော့်အား
ဧည့်ခန်းသို့ လာရန်ပြောသောကြောင့် ဧည့်ခန်းသို့် ခြေလှမ်း မိသည်

ဧည့်ခန်းသို့ ရောက်ပြီး Daddy ဘေး တွင် ဝင်ထိုင်ကာ သူတို့ပြောနေသည်များကို အသာနားထောင်မိသည်
ဝင်ပြောချင်သည့်အရာ တစ်စုံတစ်ခုမျှ မရှိပဲ စိတ်အစုံက Janal ဆီသာ ရောက်နေသည်
ပတ်ဝန်းကျင်ကို ဂရုပြုမိသော အခါ
ကိုယ့် အား ပြာလဲ့လဲ့ မျက်ဝန်းများဖြင့် စိုက်ကြည့်နေသော သူအား သတိထားမိသည်
ဆံပင် အဝါရောင် နှင့် မျက်လုံးအပြာရောင်များသည် လိုက်ဖတ်မှုရှိလှ သည်မှာ အမှန်ပင်
သို့သော် ဘယ်ဘက် မျက်ခုံးမှ နှာခေါင်းနားထိရှိသော အခြစ်ရာကဲ့သို့ အစင်းကြောင်းကြီးသည် အကြီးတန်စေသည်
သို့သော် ထို လူ့အတွက် အလွန်မှခန့်ညားစေသည်

လူတစ်ယောက်အား အသေးစိတ် ဝေဖန်ပြီးသောအခါ
ဘေးမှ Daddy က ကျွန်တော်အား

"သား မင်း အရှေ့က လူက အသက်အငယ်ဆုံး ဂိုဏ်းခေါင်းဆောင်လေ"

"အင်း"

"သူက မင်း ထက် အသက် ၁ နှစ် ငယ်တယ် "

"အင်း"

Never Let Me Go (Holding You)Where stories live. Discover now