Unicode
မျက်နှာ နုနု ကိုညငေးကြည့်နေ ရရင် ကိုယ်ပျော်သည်
နုထွေးသော လက်များကို အိမ်မက်ထဲတွင်သာ တယုတယ စုပ်ကိုင်မိသည်
မှတ်မိခဲ့သော ကိုယ်သင်းနံ့ကို ဝီစကီ သောက်ရင်းရှာဖွေမိသည်
ထပ်တူ ကျဖူးသော နှုတ်ခမ်းနုနုထွေးအား ဆေးလိပ် သောက်ရင်းတွေးတော မိသည်
အနားကိုယ် သွားချင်မိသည် ကိုယ့်ကို ကြောက်နေမည်လော
အပိုင်လိုခြင်းကိုသာ တွက်စမိပြီး ရယူခဲ့သည်
ရှောင်ပြေးခဲ့ခြင်းသည် တာဝန်မယူလို၍မဟုတ်
မပြီးသတ်သေးသော ကိစ္စ များတွင် အသည်းအသက်အား မထိခိုက်လို၍
အဆုံးသတ်ကြရင် ကိုယ် ပြန်လာမယ် မင်းရယ် ကိုယ်ရယ် ကိုယ်တို့ရဲ့ နှောင်ကြိုးလေး ရယ် အတူ နေထိုင်မယ်......ထိုနေ့ည က သန်းခေါင်လောက် မှ အိပ်ရာဝင်ဖြစ်ခဲ့ကြသည်
Raavee တစ်ယောက် ပြူတင်းပေါက်ကို မှီကာ အိပ်ပျော်သွားသော Janal ကို ပွေ့ချီ၍ အခန်းထဲ တွင် နေရာ ချပေးကာ ဘေးတွင် ဝင်လှဲ ပြီး မျက်နှာလေးအား စိုက်ကြည့်နေရင်း
"ငယ် ရယ် ဒီလို ကိစ္စ ကြီးသာ မဖြစ်ခဲ့ရင်လေ
မင်းနဲ့ နီးစပ်အောင် လုပ်မယ် ပြီးရင် မင်းနဲ့ ပျော်ရွှင်စရာတွေ ဖန်တီးမယ် ကိုယ်တို့တစ်ယောက်အကြောင်းကို တစ်ယောက် သိအောင်ကြိုးစားကြမယ်
ကိုယ့် တစ်သက်မှာ မင်းကို ပထမ ဆုံးချစ်ခဲ့တာပါ ငယ်
ငယ်သိလား ကိုယ်က ကြမ်းတမ်းတယ်ငယ်ရဲ့
ကိုယ် သေနတ်ကိုင်တယ် လူသတ်တယ် မူးယစ်ဆေးရောင်းတယ်
အင်း....မကောင်းတဲ့ အလုပ် အကုန်လုပ်တယ် ငယ်
ရက်စက်တဲ့လူလို့ မင်း ပြောလေမလား
မင်းက ဖြူစင်တယ် ငယ် ရဲ့ ကိုယ့်ထက်လည်း အသက်ငယ်တယ်
အမှန်ပြောရရင် မင်းကို ကိုယ့်အပိုင်ဖြစ်စေချင်တာ
အခုတော့ ကိုယ် က ပိုင်ရှင် ပြန်ပေါ်မလာသေးခင်အထိ ထိန်းသိမ်းပေးရတဲ့ကောင်ဖြစ်နေပြီ ကွ ဒီအခြေအနေကြီးကို ကိုယ်သိပ်မုန်းတယ် ငယ် ရာ......."
ခံစားချက် အပြည့်ဖြင့် ပြောနေသော စကားများကို ချစ်ရသူတော့ ကြားနိုင်မည် မထင်....ရက်တွေဟာ ပုံမှန်အတိုင်းရွေ့ရှားရင်း လည်ပတ်နေတယ်
သံယောဇဥ်တွေဟာ ပိုရစ်နွယ်လာတယ်
Rape case ဖြစ်ပြီး ၃ အကြာမှာ Janal ဟာ စကား ကိုပြန်ပြောနိုင်လာတယ်
Mafeed နဲ့အတူရှိနေသော ညနေခင်း တစ်ခုတွင်
Janal ထံမှ
"Raavee ရေ Mafeed ရေ ကျနော် စကားပြန်ပြောလို့ရပြီ"
နှစ်ယောက်လုံး မျက်နှာ တွင် အပြုံးပန်းများ ဝေနေခဲ့သည်
သို့သော် တစ်ယောက်၏ မျက်ဝန်းတွင် ဝမ်းနည်း မှုများ ထင်ဟပ်နေသည် ကို ဟန်ဆောင်ကာ
"ငယ် ကိုယ်တို့ သိပ်ဝမ်းသာတာပဲ"
တိုက်ခန်းငယ်၏ လေထုထဲတွင် ပျော်ရွင်မှုတို့ ပြည့်နှက်သွားသည်
Mafeed ကတော့ Janal စကားပြန်ပြောနိုင်သည့်အတွက် ဂုဏ်ပြုသည့်နေဖြင့် တစ်ဝိုင်းသောက်ရန် တိုက်ခန်းတွင် စီစဥ်လိုက်သည်
YOU ARE READING
Never Let Me Go (Holding You)
Romanceတွေ့ဆုံရ ရင် ခွဲခွာရမှာဘဲ တစ်သက်လုံးစာအတွက်ရည်ရွယ်ပြိး လက်ထပ်ထားတဲ့ လူတွေတောင် ကွာရှင်းတတ်ကြတာပဲ မတည်မြဲ တဲ့ လောက ကြီးမှာ ဘာကိုများ မျှော်လင့် နိုင်ဦးမလည်း ဒါပေမယ့် ကိုယ့်မှာ ေမျှာ်လင့်ချက်လေးတစ်ခုတော့ရှိတယ် အဲ့တစ်ခုက "မင်းကိုယ့်ကို ဘယ်တော့မှ လက်မလ...