Uni
ဆေးရုံတစ်ခုရဲ့ အခန်းထဲမှာ လဲလျောင်းနေတဲ့ကောင်မလေးတစ်ယောက်ရှိနေ၏။ ဘေးမှာတော့ ကောင်မလေးရဲ့လက်ကိုကိုင်ကာ လွန်စွာစိတ်ပူနေတဲ့ကောင်လေးတစ်ယောက်ရှိပြန်သည်။
ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေနဲ့ သေလုမျောပါးဖြစ်ကာ အေးချမ်းစွာအနားယူမဲ့ရက်ကိုသာစောင့်စားနေရတဲ့ကောင်မလေး။
ထိုကောင်မလေးကို အရမ်းချစ်မြတ်နိုးရတဲ့ ဘေးကကောင်လေးကတော့ ပူဆွေးသောကတွေနဲ့မခံမရပ်နိုင်အောင် ပူလောင်နေရ၏။
ဘယ်လိုမှမကယ်နိုင်တော့ဘူးဆိုတဲ့ စကားက ကောင်လေးအတွက်တော့အရာရာကိုဆုံရှုံးစေတဲ့စကားဘဲ။
အရာအားလုံးကိုပေးဆပ််ပါတယ်.....ကောင်မလေးကိုပဲအသက်ရှင်အောင်လုပ်ပေးပါ.....
အရူးတစ်ယောက်ကို ငိုယိုပြီးဆရာဝန်တွေကိုအကူအညီတောင်းခဲ့ပင်မဲ့ လက်လွှတ်သွားတဲ့သူတွေချည်းပဲ
တနေ့တနေ့ မေ့မျောနေတဲ့ကောင်မလေးကိုတစိမ့်စိမ့်ထိုင်ကြည့်လိုက်... ကောင်မလေးကိုမကုပေးနိုင်တဲ့ဆရာဝန်တွေကိုဝုန်းဒိုင်းကြဲလိုက်နဲ့ အရင်က ဖြူဖွေးနေတဲ့အသားအရေလေးဟာဂရုမစိုက်မှုကြောင့်ခြောက်ကပ်နေသလို နှုတ်ခမ်းမွှေးကြမ်းကြမ်းတွေပါထွက်လာနေတယ်....
အိပ်ရေးမဝတာကြောင့် ညိုနေတဲ့မျက်ကွင်းတွေနဲ့အတူ ရှည်နေတဲ့ ဆံပင်တွေနဲ့ တော်တော်လေးကို လူရုပ်သူရုပ်မပေါက်တော့တဲ့ကောင်လေး.....
*ဟေးဆောင်း.....ဘာလို့မထလာသေးတာလဲဟင်
ကိုယ်စောင့်နေတယ်လေကွာ....*တကယ်လို့...သူမ ထလာခဲ့ရင်တောင် နောက်ဆုံးခရီအတွက်ထလာတာပဲဖြစ်မှာကို သိပါလျက် ...နောက်ဆုံးအကြိမ်မင်းရဲ့အပြုံးလေးကိုမြင်ချင်မိတယ်....
အသက်ရှု ကိရိယာတွေတပ်ထားတဲ့ကောင်မလေး ...လက်မှာလဲ ဆေးပိုက်တွေနဲ့ သွင်းထားတဲ့ဆေးတွေနဲ့သာ အသက်ရှင်နေရတဲ့ကောင်မလေးဟာ ပိန်လီနေပြီဖြစ်သည်....
YOU ARE READING
Love is A Lie
Romanceအရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ်ခဲ့တဲ့နောက်မှာ နောင်တတွေတသီတတန်းကြီးရခဲ့တယ် အချစ်ဆိုတာလိမ်ညာမှုတစ်ခုပါပဲ..... အရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ...