It's Ok

1.8K 96 2
                                    

​Uni

ဆေးရုံတစ်​ခုရဲ့ အခန်​းထဲမှာ ​လဲ​လျောင်​း​နေတဲ့​​ကောင်​မ​လေးတစ်​​ယောက်​ရှိ​နေ၏။ ​ဘေးမှာ​တော့ ​ကောင်​မ​လေးရဲ့လက်​ကိုကိုင်​ကာ လွန်​စွာစိတ်​ပူ​နေတဲ့​ကောင်​​လေးတစ်​​ယောက်​ရှိပြန်​သည်​။

ဖြူ​ဖျော့​နေတဲ့နှုတ်​ခမ်​း​တွေနဲ့ ​သေလု​မျောပါးဖြစ်​ကာ ​အေးချမ်​းစွာအနားယူမဲ့ရက်​ကိုသာ​စောင်​့စား​နေရတဲ့​ကောင်​မ​လေး။

ထို​ကောင်​မ​လေးကို အရမ်​းချစ်​မြတ်​နိုးရတဲ့​ ​ဘေးက​ကောင်​​လေးက​တော့ ပူ​ဆွေး​သောက​တွေနဲ့မခံမရပ်​နိုင်​​အောင်​ ပူ​လောင်​​နေရ၏။

ဘယ်​လိုမှမကယ်​နိုင်​​တော့ဘူးဆိုတဲ့ စကားက ​ကောင်​​လေးအတွက်​​တော့အရာရာကိုဆုံရှုံး​စေတဲ့စကားဘဲ။

အရာအားလုံးကို​ပေးဆပ််ပါတယ်​.....​ကောင်​မ​လေးကိုပဲအသက်​ရှင်​​အောင်​လုပ်​​ပေးပါ.....

အရူးတစ်​​ယောက်​ကို ငိုယိုပြီးဆရာဝန်​​တွေကိုအကူအညီ​တောင်​းခဲ့ပင်​မဲ့ လက်​လွှတ်​သွားတဲ့သူ​တွေချည်​းပဲ

တ​နေ့တ​နေ့ ​​မေ့​မျော​နေတဲ့​ကောင်​မ​လေးကိုတစိမ်​့စိမ်​့ထိုင်​ကြည်​့လိုက်​... ​ကောင်​မ​လေးကိုမကု​ပေးနိုင်​တဲ့ဆရာဝန်​​တွေကိုဝုန်​းဒိုင်​းကြဲလိုက်​နဲ့ အရင်​က ဖြူ​ဖွေး​နေတဲ့အသားအ​ရေ​လေးဟာဂရုမစိုက်​မှု​ကြောင်​့​ခြောက်​ကပ်​​နေသလို နှုတ်​ခမ်​း​မွှေးကြမ်​းကြမ်​း​တွေပါထွက်​လာ​နေတယ်​....

အိပ်​​ရေးမဝတာ​ကြောင်​့ ညို​နေတဲ့မျက်​ကွင်​း​တွေနဲ့အတူ ရှည်​​နေတဲ့ ဆံပင်​​တွေနဲ့ ​တော်​​တော်​​လေးကို လူရုပ်​သူရုပ်​မ​ပေါက်​​တော့တဲ့​ကောင်​​လေး.....

*​ဟေး​ဆောင်​း.....ဘာလို့မထလာ​သေးတာလဲဟင်​
ကိုယ်​​စောင်​့​နေတယ်​​လေကွာ....*

တကယ်​လို့...သူမ ထလာခဲ့ရင်​​တောင်​ ​နောက်​ဆုံးခရီအတွက်​ထလာတာပဲဖြစ်​မှာကို သိပါလျက်​ ...​နောက်​ဆုံးအကြိမ်​မင်​းရဲ့အပြုံး​လေးကိုမြင်​ချင်​မိတယ်​....

​အသက်​ရှု ကိရိယာ​တွေတပ်​ထားတဲ့​ကောင်​မ​လေး ...လက်​မှာလဲ ​ဆေးပိုက်​​တွေနဲ့ သွင်​းထားတဲ့​ဆေး​တွေနဲ့သာ အသက်​ရှင်နေရတဲ့​ကောင်​မ​လေးဟာ ပိန်​လီ​နေပြီဖြစ်​သည်​....

Love is A LieWhere stories live. Discover now