Zawgyi
ဟေးဆောင်းသတိရလာတာ အခုဆို ၁ပတ်ရှိပြီဖြစ်သည်။ ဆေးစစ်ချက်တွေကပိုမိုကောင်းမွန်လာသလို အရင်ကသွေးကင်ဆာကလဲ ထူးဆန်းစွာသွေးမလဲပဲ ပြန်ကောင်းလာလေသည်။ သူနာပြုတွေက ပြန်ကောင်းလာတဲ့အကြောင်းပြောရင် ဘေးက ကြောင်ဖြူလေးကပါ အမြီးလေးကိုဘယ်ယမ်းညာယမ်းနဲ့ ပြုံးပျော်ကာနားထောင်နေတတ်သည်။
'ဟိုလေ....ကျွန်မမေ့နေတုန်းက လူနာလာစောင့်တဲ့သူရှိလားဟင်'
"လူနာစောင့်?...အရင်ကတော့ကောင်လေးတစ်ယောက်အမြဲတွေ့တယ် ညီမသတိရတဲ့နေ့ကထဲကမတွေ့တော့တာ..."
'အော်....အရင်ကတော့ လာစောင့်ပေးသေးတယ်ပေါ့လေ.....ကျွန်မဖုန်းတစ်ခါလောက်ဆက်လို့ရမလား'
ဟေးဆောင်းရဲ့ခွင့်တောင်းခြင်းကိုသူနာပြုလေးက ကူညီပေး၏။ သူ့အကြောင်းကိုမေးတဲ့အတွက် ကြောင်ဖြူလေးက ဟေးဆောင်းဘေးလေးကို သွားကပ်ထိုင်လိုက်သည်။ သို့သော်မောင်းထုတ်ခြင်းခံလိုက်ရ၏။
ယွန်းဂီလဲအလိုက်တသိသာ နည်းနည်းဝေးဝေးလေးမှာထိုင်စောင့်နေသည်။ဘာတွေပြောနေလဲမသိပင်မဲ့ ဖုန်းဆက်ပြီးခဏအကြာမှာ ကောင်လေးတစ်ယောက်ရောက်လာသည်။ ထိုကောင်လေးက ဟယျော့ခ်(hyuk) တက္ကသိုလ်တုန်းကတွေ့ဖူးတဲ့ ဂျုနီယာကောင်လေး......
ကောင်လေးကအခန်းထဲဝင်ဝင်လာခြင်း ဟေးဆောင်းကို ပြေးဖက်လာသည်။အော်...သူလဲဟေးဆောင်းကိုစိတ်ပူလို့နေမှာပါလေ....
သို့သော်......ကြောင်ဖြူလေးတဖြည်းဖြည်းရိပ်မိလာတာကဟယျော့ခ်က ဟေးဆောင်းအပေါ် မေတ္တာတွေပိုနေတယ်ဆိုတာပဲ....
ဟယျော့ခ်က အခုဆိုနေတိုင်း ဟေးဆောင်းဆီလာတယ်....နောက်ဆုံး.....ဟေးဆောင်းဆေးရုံဆင်းတဲ့အချိန်အထိ.....
ဟေးဆောင်းကတော့ ယွန်းဂီကို လုံးဝသတိမရခဲ့ဘူး.....
ကြောင်ဖြူလေးက ကုတ်ဖက်တက်ပြီး စကားတွေအများကြီးပြောပြခဲ့ပင်မဲ့ ဟယျော့ခ်က ကြောင်ဖြူလေးကိုဂုတ်ကကိုင်ဆွဲပြီးလွှတ်ပစ်ခဲ့တာချည်းပဲ...
YOU ARE READING
Love is A Lie
Romanceအရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ်ခဲ့တဲ့နောက်မှာ နောင်တတွေတသီတတန်းကြီးရခဲ့တယ် အချစ်ဆိုတာလိမ်ညာမှုတစ်ခုပါပဲ..... အရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ...