ဂျီမင်တစ်ယောက် ယွန်းဂီကိုတွေ့ရင်ကျွေးဖို့အ တွက် မုန့်တွေဝယ်နေရ၏။
ယွန်းဂီဗိုက်ဆာနေမည်စိုးတာကြောင့်လေ ...
ပြီးတော့ သူလူတိုင်းကိုလိုက်မေးရ၏။ တွေ့တဲ့သူတွေရှိတယ်ဆိုပင်မဲ့ အခုဘယ်ရောက်နေလဲဘယ်သူမှမသိကြ။ဂျီမင်နေ့တစ်ဝက်ကုန်တဲ့အထိ လိုက်ရှာနေမိ၏။
သို့သော်လည်းမတွေ့... တခြားသူတွေပြောပုံအရ ကားဂိတ်တွေမှာလဲရှိတတ်တယ်ဆိုလို့ ကားဂိတ်တွေကိုလိုက်ရှာမိသည်။တတိယမြောက်ကားမှတ်တိုင်တွင်
လူထိုင်သလိုကြီးထိုင်နေတဲ့ ကြောင်ဖြူကြီး...(ပုံစံလေးပြတာပါ အရောင်လေးတော့ပြောင်းမြင်ပေး အဟီး😁)
ဂျီမင်ငိုချင်ချင်ဖြစ်လာကာ အမြန်ပြေးပြီး ကြောင်ကြီးယွန်းဂီကိုပွေ့လိုက်မိ၏။ ကြောင်ကြီးက ငိုက်မြည်းနေတာမလို့ နဲနဲတော့လန့်သွားပုံပေါ်သည်။
"အီးဟီး ငါက မင်းတကယ်ထွက်သွားပြီထင်နေတာ အရမ်းလိုက်ရှာနေရတာသိရဲ့လား ကြောင်စုတ်ကြီးရဲ့ အဟင့်"
ဂျီမင်ခမျာ မျက်ရည်တွေရော နှာရည်တွေရော ရောထွေးကာ ငုတ်တုပ်ကလေးဖြင့် ...
ခုံပေါ်က ကြောင်ကြီးယွန်းဂီကတော့ အပေါ်ကနေ မျက်လုံးပြာပြာဝိုင်းဝိုင်းလေးတွေနဲ့အံ့သြတကြီးကြည့်နေသည်။"မင်းလူဆိုလဲချစ်တယ် ကြောင်ဆိုလဲချစ်တယ်
အဲ့တာကြောင့်စိတ်ပူအောင်ထွက်ပြေးမနေနဲ့တော့
လာအိမ်ပြန်မယ်"
BINABASA MO ANG
Love is A Lie
Romanceအရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ်ခဲ့တဲ့နောက်မှာ နောင်တတွေတသီတတန်းကြီးရခဲ့တယ် အချစ်ဆိုတာလိမ်ညာမှုတစ်ခုပါပဲ..... အရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ...