Love=Lie

583 85 6
                                    

ယွန်းဂီ​တော်​​တော်​​လေးစိတ်​ပျက်​မိ၏။
ဟို​ဆော့နဲ့ Jimin ရဲ့မယုံကြည်​ခြင်း​တွေက သူ့ဝိဥာဉ်​ကိုအားယုတ်​​စေသည်​​လေ။ ထို့​ကြောင့်​ အခုဆို ယွန်းဂီဘယ်​လိုမှ ပုံ​ပြောင်းမရဖြစ်​​နေ၏။

ဟို​ဆော့ကလဲ ယွန်းဂီကိုလူမှန်းဘယ်​လိုမှမယုံ ​holloweenည မလို့ စ​,​နောက်​ ကြတာဖြစ်​မှာပါတဲ့...

ဂျီမင်​ကလဲ ယွန်းဂီနားသိပ်​မကပ်​ ယွန်းဂီကို​တွေ့တာနဲ့သရဲ​တွေ့သလို​ကြောက်​လန့်​ပြီး ​ရှောင်​ထွက်​သွားသည်​။ ဟို​ဆော့က​တော့ လုံးဝမယုံ​သေးတာမလို့ သိပ်​ဂရုမစိုက်​ အစာ​ကျွေးစရာရှိတာ​ကျွေးပြီး သူလဲ ကာတွန်းဆွဲစရာရှိတာသာဆွဲ​လေ၏။

ယွန်းဂီခမျာ​တော့ ဖူးစာရှင်​လို့ ထင်​လိုက်​မိတဲ့ ဂျီမင်​ကပါမယုံသင်္ကာဖြစ်​​နေတာမလို့ စိတ်​ဓာတ်​​တွေကျမိသည်​။

ကြံရာမရတဲ့အဆုံး သူ့ဘဝသူ ​တော်​​တော်​​လေးစိတ်​ပျက်​မိလာ၏။

၎ရက်​​လောက်​ထိ ဘယ်​သူမှမရှိတာ​တောင်​ လူပုံ​ပြောင်းမရ​တော့တာမလို့ ယွန်းဂီ အရင်​အတိုင်း ​ကြောင်လေ​ကြောင်​လွင့်​လို ရှင်​သန်​ဖို့သာဆုံးဖြတ်​လိုက်​သည်​။

ဤသို့ဖြင့်​ တချိန်​က မြတ်​နိုးမှု​တွေရရှိခဲ့​သော အိမ်​​လေးနှင့်​အတူ သံ​ယောစဉ်​မဆိုသ​လောက်​တွယ်​ခဲ့မိ​သော ဟို​ဆော့နှင့်​ ဂျီမင်​ကို ပါ စွန့်​ခွာခဲ့၏။

____________________________________
"အကိုဟို​ဆော့ ယွန်းဂီ​လေးကို​တွေ့​သေးလားဟင်​"

'ဘယ်​သိမတုန်းကွ
မင်းပဲ​ကြောက်​တယ်​ဆိုပြီး​ပြေး​နေတုန်းက​ပြေးပြီး'

"မဟုတ်​ဘူး လုံးဝမ​တွေ့​တော့လို့"

'တ​နေရာရာမှာအိပ်​​နေတာဖ်ြပါလိမ့်မယ်'

ဟို​ဆော့စကားသံ​​ကြောင့်​ ဟုတ်​လိနိုးနိုးထင်​လိုက်​မိပြီးတစ်​အိမ်​လုံး​ လိုက်​ရှာမိ၏။ သူ​နေ​နေကျ​နေရာ​လေး​တွေမှအစ ​ဂျောင်​ဂျို​ဂျောင်​ကြားကအဆုံး ...

သို့​သော်​လည်းလုံးဝမ​တွေ့တာမလို့ ဂျီမင်​ ငိုချင်​ချင်​ဖြစ်​လာသည်​။

Love is A LieWhere stories live. Discover now