Right Person💞(Final)

987 71 2
                                    

Zawgyi

ဟိုဘီ မနက်​အ​စောကြီးနိုး​နေမိ၏။ ညကလဲ ​နောက်​ကျမှအိပ်​​ပျော်​တယ်​ဆိုပင်​မဲ့ အိမ်​ကိုတခြားတစ်​​ယောက်​​ရောက်​လာပြီမလို့ အုပ်​ထိန်းသူအ​နေနဲ့ ​ခေါင်းပူရသည်​​လေ။

ထို့​ကြောင့်​ ပြင်​ဆင်​စရာရှိတာပြင်​ဆင်​ပြီး ဂျီမင်​နဲ့ ယွန်းဂီရှိ​နေတဲ့အခန်းထဲကိုလာခဲ့သည်​။

"Ummm..."

'ဂျီမင်နိုးနေပြီလား....ထတော့'
အခန်းထဲဘယ်​လိုဖြစ်​​နေမည်​ကို မသိချင်​​သော​ကြောင့်​ တံခါးသာ​ခေါက်​ရင်း ​အော်​လိုက်​မိသည်​။ မ​တော်​လို့ ယွန်းဂီရင်​ခွသ်​ထဲ​ရောက်​​နေမည့်​ ဂျီမင့်​ကိုလဲ မကြည့်​ချင်​။ ညီအကိုဖြစ်​​နေ၍​တော့မဟုတ်​ Faဖြစ်​​နေ၍သာ...

"ဟုတ်... hyung"

'အဲ့ဆို ယွန်းဂီ ကိုပါနိုးလိုက်...မနက်စာပြင်ပြီး
ပြီ...'

"ဟုတ်"
အ​ရှေ့က​နေ ​ဘာကိုစိတ်​တိုလို့မှန်းမသိ​အော်​​နေတဲ့ ဟိုဘီ​ကြောင့်​ ဂျီမင်​ မျက်​လုံးမပွင့်​တစ်​ပွင့်​နဲ့ သာ ယွန်းဂီကိုလှုပ်​နှိုးရ၏။ ဟိုဘီထင်​သလို​တော့ ဂျီမင်​က ရင်​ခွင်​ထဲ​ရောက်​​နေခြင်းလဲမဟုတ်​။ ယွန်းဂီက ဂျီမင့်​ကို​ကျော​ပေး၍ အိပ်​​နေသည်​​လေ..

"ယွန်းဂီ...ယွန်းဂီ ထ...ထတော့"

တော်တော်​လေးနှိုးရခက်​​နေတာမလို့စိတ်​ကလဲမရှည်​ချင်

"ယွန်းဂီ!!!!!! " နားနားကပ်​ကာ​အော်​ပစ်​​တော့မှ

*အာ...ဘာလို့အကျယ်ကြီးအော်နေတာလဲ
ထပြီလို့....* ဟုဆို၏။

"ဟိုဘီကမနက်စာ စားမယ်တဲ့...
ကျွန်တော် ထမင်းစားခန်းမှာစောင့်နေမယ်"

*အင်းအင်း*

နှစ်​​ယောက်​သားအိပ်​ချင်​မူးတူး​တွေဖြင့်​ ဂျီမင်​က ​ရေချိုးခန်းထဲ ဝင်​သွားပင်​မဲ့ ယွန်းဂီက အိပ်​ယာသိမ်းရင်​သာကျန်​ခဲ့သည်​။

______________________________________

မီးဖိုထဲဝင်​လာသည်​နှင့်​ အဘိုးကြီး​ပေါက်​စလို လှုပ်​စိလှုပ်​စိဖြစ်​​နေသည့်​ ဟိုဘီ့ကို​တွေ့ရသည်​။
ဟိုဘီက ဂျီမင့်​ကိုမြင်​တဲ့အခါ..

Love is A LieWhere stories live. Discover now