ယွန်းဂီရဲ့ဘဝဟာကြောင်လေးတစ်ကောင်အဖြစ်နဲ့သာရှိနေခဲ့တယ်..........အဆုံးသတ်မရှိဘဲနဲ့ပေါ့.....
သူ့ရဲ့သက်တမ်းဟာဝဋ်ခံနေရသလိုပဲ
အခုဆို သူ့အသက်ရှင်နေတာ နှစ်ပေါင်းဘယ်လောက်တွေမှန်းမသိတော့......အနှစ်၅၀လောက်တောင်ရှိနေပြီလားဘဲ ဟိုအိမ်ကပ်ဒီအိမ်ကပ်နဲ့ လမ်းဘေးကြောင်အဖြစ်ရှင်သန်နေရတယ်.....လွန်ခဲ့တဲ့ ၂၅နှစ်.....တစ်နည်းအားဖြင့်ဆိုရရင် ကြောင်ဖြစ်ပြီး၂၅နှစ်အကြာပေါ့....သူအဘွားကြီးတစ်ယောက်ရဲ့အိမ်ကိုရောက်ခဲ့တယ်..... ပိုပြီးတိတိကျကျပြောရရင် အဘွားကြီးတစ်ယောက်က မွေးစားခဲ့တယ်ဆိုပါတော့....
လမ်းဘေးကြောင်အဖြစ်ရှင်သန်ခဲ့တဲ့နောက်မှာ ယွန်းဂီ bus stopတွေနားမှာနေတတ်တယ် အစာစားနေတဲ့သူတွေဆီက တောင်းစားရတယ်.... သူမှကြောင်စာမစားနိုင်တာပဲ ပေါင်မုန့်တို့ ဘာတို့တောင်းစားရတာပေါ့....
သူစတိုးဆိုင်လေးတစ်ခုနားမှာအမှီပြုနေထိုင်တဲ့အခါ ဆိုင်ပိုင်ရှင်က သူ့အကြောင်းကိုသိလာတယ် တခြားမဟုတ်ပါဘူး ကြောင်စာမစားဘဲလူစာပဲစားတဲ့ ကြောင်လေကြောင်လွင့်ဆိုတဲ့အကြောင်းပေါ့....
ယွန်းဂီက ဖြူဖွေးပြီး တော်တော်လေးကြီးတယ် သူထိုင်ချလိုက်ရင်တောင် လူတွေရဲ့ဒူးလောက်ထိရှိတဲ့အတွက် မြင်သမျှလူတွေက ချစ်ကြတယ်...
ပြီးတော့ လည်ပင်းမှာနာမည်ဆွဲသီးလေးလဲပါသေးတယ် ဆွဲသီးလေးက အသဲပုံလေး...အပေါ်မှာက yoongi ဆိုတဲ့ နာမည်လေးနဲ့အတူ အထဲမှာက ဓာတ်ပုံလေးတစ်ခုရှိတယ်.....ယွန်းဂီရဲ့လူပုံစံပေါ့...
မသိရင် အဲ့လူက ယွန်းဂီရဲ့ကြောင်ပိုင်ရှင်လိုလိုပဲ...ဘယ်ချိန်ထဲက ရောက်လာတဲ့ဆွဲကြိုးမှန်းယွန်းဂီမသိဘူး....အဲ့လိုပဲ အထဲမှာသူ့ပုံပါမှန်းလဲသူမသိဘူး...
အာ...ဆက်မယ် အဲ့မှာစောစောက ဘွားဘွားက သူ့ကြောင်သေသွားတော့ ယွန်းဂီကိုမွေးစားလိုက်တာ.... ဘွားဘွားက တကယ်ကို ကလေးတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တယ် အစားအသောက်ဆိုလဲလူလိုမျိုးဆိုတာထက် သူစားသလိုမျိုးကိုကျွေးပြီး အိပ်ရာတွေဘာတွေနဲ့ထားတာ...ပြီးတော့ ဖြူဖွေးနဲ့တဲ့ယွန်းဂီကို ရေလဲချိုးပေးတယ်...
ဘွားဘွားပြောလေ့ရှိတယ် 'သားက တကယ်ကို အမေ့သားလေးနဲ့တူတယ်တဲ့´
ဘွားဘွားရဲ့သားကဘယ်သူလဲမသိပင်မဲ့ ဘွားဘွားရဲ့နောက်ဆုံးအချိန်အထိ ယွန်းဂီနေပေးခဲ့တယ်....
YOU ARE READING
Love is A Lie
Romanceအရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ်ခဲ့တဲ့နောက်မှာ နောင်တတွေတသီတတန်းကြီးရခဲ့တယ် အချစ်ဆိုတာလိမ်ညာမှုတစ်ခုပါပဲ..... အရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ...