ဂျီမင်က ယွန်းဂီကိုမွေးထားတယ်သာပြောတာ သိပ်ပြီးတော့ ယွန်းဂီဆီလာလေ့မရှိဘူး။
အမြဲ ဟိုဆော့နဲ့သာနေရသည်။
ဟိုဆော့က အမြဲ ကာတွန်းရုပ်တွေဆွဲနေတာကြောင့် ယွန်းဂီအလွန်ပျင်းလှသည်။ဟိုဆော့အလုပ်လုပ်နေတာလေးကိုပဲ ဘေးကနေကြည့်ရင်းသူစဉ်းစားခန်းဖွင့်နေရသည်။
ထို့နောက်မနေနိုင်တဲ့အဆုံးသူအိမ်အပြင်သို့ထွက်ကာ လျောက်သွားလိုက်၏။
သူအိမ်သို့ပြန်လာစဉ် သူအထွက်တုန်းကထွက်လာတဲ့ တံခါးပေါက်ကပိတ်နေလေသည်။ ထို့ကြောင့် ဘယ်သူမှမရှိတုန်း အိမ်ထဲဝင်ရန်အတွက် လူပုံစံပြောင်းလိုက်သည်။ယွန်းဂီက လူပုံစံပြောင်းရင် အင်္ကျီပါပါတယ်နော်😑
သူကြောင်ပြောင်းရင်အင်္ကျီကပါအမွေးတွေဖြစ်သွားတာမလို့ လူပြန်ပြောင်းရင်အမြဲအင်္ကျီပါပါတယ်။ မပါဘူးထင်နေမစိုးလို့😂ထို့နောက် သူ လူပုံစံနှင့်အိမ်တံခါးဖွင့်ကာ အိမ်ထဲဝင်လိုက်ပြီး တံခါးကိုသေချာပြန်စိလိုက်၏။
သို့သော်............
ဧည့်ခန်းဆိုဖာပေါ်မှာထိုင်နေသည့် Jimin က သူ့ကိုအသံတိတ်ကြောင်အစွာကြည့်နေသည်ကိုတွေ့ရလိုက်၏။ ယွန်းဂီတံခါးလက်ကိုင်ကိုကိုင်လျက်ပင်ကြောင်အစွာဖြစ်နေမိသည်။ သေပြီ.......ဘာလို့ကြောင်ပုံမပြောင်းသွားတာလဲ ....Jimin သူ့ကိုကြည့်နေတာကိုလေ
"ဘယ်..ဘယ်သူနဲ့တွေ့ချင်လို့လဲ"
ယွန်းဂီသက်ပျင်းချကာ ဘာပြောရမှန်းကိုမသိတော့
"ခင်ဗျား....မြင်ဖူးနေသလို....အော် ယွန်းဂီလေးရဲ့သခင်လား....ထိုင်..ထိုင်ဦးလေ.."
*ရ..ရတယ် မထိုင်တော့ဘူး...ယွန်းဂီရဲ့သခင်ပါဟုတ်တယ်....ယွန်းဂီကိုသေချာကျွေးမွေးပေးပါလို့လာပြောတာပါ ...ဟုတ်ကဲ့ကျေးဇူးနော်*
ယွန်းဂီပြောပြီးပြီရင် တံခါးကိုပြန်ဆွဲဖွင့်ကာ အမြန်ပြေးရသည်။ ဂျီမင်ကလဲလိုက်လာသည့်အတွက် ကြောင်ပုံစံအမြန်ပြောင်းရသည်။
အရေးထဲ အမြီးနဲ့နားရွက်ပဲ ထွက်နေတာမလို့ တော်တော်လေးအားသုံးလိုက်မှကြောင်ပုံပြန်ပြောင်းသွားသည်။ လိုက်လာတဲ့ ဂျီမင်က လမ်းထိပ်ရောက်တော့မှ ကြောင်လေးယွန်းဂီကိုတွေ့တော့ ကောက်ပွေ့လိုက်၏။
VOCÊ ESTÁ LENDO
Love is A Lie
Romanceအရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ်ခဲ့တဲ့နောက်မှာ နောင်တတွေတသီတတန်းကြီးရခဲ့တယ် အချစ်ဆိုတာလိမ်ညာမှုတစ်ခုပါပဲ..... အရမ်းချစ်ခဲ့ရင်အရမ်းခံစားရတယ်တဲ့...... ကျွန်တော် အများကြီးပုံအပ်ပြီးချစ...