Prologue

2.3K 207 72
                                    

(Zawgyi)

ဆေးရုံထဲသို့ အသည်းအသန်ပြေးဝင်လာတဲ့ ကောင်လေးတစ်ယောက်...။ သူ့တကိုယ်လုံးလည်း ချွေးတွေရွှဲနစ်နေသလို သူ့မျက်လုံးအကြည့်တွေကလည်း ဂနာမငြိမ်ဖြစ်နေတယ်...။

"ဒေါက်တာ.. ခုနက ကားအက်ဆီးဒင့်နဲ့ရောက်လာတဲ့ Kim Mimi ရဲ့အခြေအနေ ဘယ်လိုရှိလဲဟင်"

ဂျူတီကုတ်နဲ့ဆရာဝန်တစ်ယောက်ကို အတင်းပြေးဆွဲကာမေးလိုက်တော့ ထိုဆရာဝန်ကပဲ အရေးပေါ်ဌာနကို ညွှန်ပေးလိုက်တယ်...။ သူလည်း ချက်ချင်းပင်ပြေးသွားလိုက်တော့ ခွဲစိတ်ခန်းထဲကနေ ပိတ်ဖြူအုပ်ထားတဲ့ ရုပ်အလောင်းတစ်ခုကို ထုတ်ယူလာတာကိုတွေ့လိုက်ရတယ်...။

မဟုတ်ဘူးမလား...။ Mimi က မနက်ကတင် သူနဲ့တွေ့ဆုံပြီး စကားပြောခဲ့ကြသေးတာ...။ နောက်တစ်ပတ်ဆိုရင် သူနဲ့ Mimi နဲ့ ခမ်းခမ်းနားနားလက်ထပ်ကြတော့မှာလေ...။ pre wedding photo တွေတောင် ရိုက်လို့ပြီးနေပါပြီ...။

"ဒေါက်တာ... Kim Mimi ရောဟင်... သူဘယ်မှာလဲ"

ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ဆရာဝန်တစ်ယောက်ကို သူတုန်လှုပ်စွာနဲ့ လှမ်းမေးလိုက်တဲ့အခါမှာ ထိုဆရာဝန်က သက်ပြင်းချတယ်...။ ပြီးတော့မှ ခုနကပိတ်ဖြူအုပ်ထားတဲ့ ရုပ်အလောင်းကိုညွှန်ပြရင်း ပြန်ဖြေလာတယ်...။

"သူမ... ဆုံးသွားပါပြီ.. ဒီကိုရောက်တော့ တအားသွေးထွက်လွန်နေတယ်လေ... ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားပေမယ့်လည်း... စိတ်မကောင်းပါဘူးဗျာ"

စကားအဆုံးမှာ သူ့ရဲ့ခြေထောက်တွေခွေကျသွားခဲ့တယ်...။ ဒါဘယ်လိုတောင်ရက်စက်တဲ့ ကံကြမ္မာလဲ...?? မကြာခင်မှာလက်ထပ်တော့မယ့် သူ့ရဲ့ဇနီးလောင်းလေးကို မရဏတိုင်းပြည်သို့ ရက်ရက်စက်စက်ခေါ်သွားခဲ့တာပဲ...။

ဆွဲထုတ်သွားတဲ့ရုပ်အလောင်းကိုမြင်တော့မှ သူအတင်းအားတင်းကာ ထရပ်လိုက်ရပြန်တယ်...။ အနည်းဆုံးတော့ ကိုယ့်ချစ်သူရဲ့မျက်နှာလေးကို တွေ့သွားသင့်တယ်လေ...။

"ခဏလေး နေကြပါဦး... ကျွန်တော်ကြည့်ပါရစေ"

ဝန်ထမ်းတွေက နားလည်စွာနဲ့ခဏရပ်ပေးကြတယ်...။ တုန်ရင်တဲ့လက်တွေနဲ့ ဖုံးအုပ်ထားတဲ့ပိတ်ဖြူလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးအရွှဲသားနဲ့လှဲလျောင်းနေတဲ့ Mimi ကိုတွေ့လိုက်ရတယ်...။ ကိုယ်တိုင်ကလည်းဆရာဝန်တစ်ယောက်ဖြစ်တာကြောင့် ဖြစ်သွားတဲ့အခြေအနေကို ကောင်းကောင်းကြီးသဘောပေါက်သွားခဲ့တယ်...။ ဦးခေါင်းခွံကို ပြင်းပြင်းထန်ထန်ရိုက်မိသွားတာကြောင့် သူမ အချိန်အကြာကြီး ဆက်တောင့်မခံနိုင်တော့တာပဲ...။

Just a GlanceWhere stories live. Discover now