Zawgyi
(ဒီficလေးကိုစရေးဖြစ်တာယွန်းဂီရဲ့Daechwitaကိုကြည့်ပြီးယွန်းဂီကိုအရမ်းအရမ်းတွေကြွေပြီးရေးဖြစ်တာပေါ့နော်😆 ပြီးတော့plotတူတာမဟုတ်ပေမယ့်ကိုယ့်အကြိုက်ဆုံးJang Ok Jungဆိုတဲ့ဇာတ်လမ်းကိုအနည်းငယ် inspiredယူထားပါတယ်...မကြည့်ရသေးတဲ့သူရှိရင်ကြည့်ကြည့်အရမ်းကောင်းတာကိုယ့်ရဲ့favလေး)
Jeonပြည်နယ်ကစီးပွားရေးမြို့တော်ဟုတင်စားရလောက်အောင်ပင်စည်ကားလွန်းလှသည် ငတ်မွတ်ဘေးသူခိုးဘေးလုယက်မှုတွေလုံးဝမရှိ ရှင်းရှင်းပြောရလျှင်သူဆင်းရဲဆိုတာမရှိပေ ထိုမျှလောက်ထိစီးပွားရေးကောင်းသည် အသားသည်ငါးသည်တွေဆီမှာလည်းကြိတ်ကြိတ်တိုး တချို့ပြည်နယ်ကလူတွေတောင်စီးပွားရေးမကောင်းလျှင်Jeonပြည်နယ်ကိုလာ၍စီးပွားရေးလုပ်ကြသည်
မြို့ကလေးရဲ့လမ်းထဲမှာဈေးသည်တွေနှင့်တောင်ကြိတ်ကြိတ်တိုးနေသည် လမ်းဘေးကချေသည်တို့၏ကပြမှုကိုလည်းခဏသာရပ်ကြည့်လိုက်သည် ခုနတင်နေ့လည်စာစားပြီးမြို့တလျှောက်ကိုပတ်ကြည့်နေခြင်းပင် Jeonဘုရင်ကအုပ်ချုပ်တာသိပ်တော်သည်.... လူတိုးသည့်နေရာရောက်တော့ ဆောင်းထားသည့်ခမောက်ကိုခပ်ငိုက်ငိုက်ဖြစ်အောင်ဆွဲချလိုက်ပြီးခမောက်၏ဘယ်ဘက်မှာချထားသည့်ပုဝါပါးပါးလေးကိုလည်းဘယ်ဘက်မျက်နှာတခြမ်းအုပ်စေရန်ဆွဲလိုက်သည်
အနောက်ကနေBanyu ကတော့သူ့ရဲ့သက်တော်စောင့်အဖြစ်တကောက်ကောက်လိုက်လျက် Banyuတို့မိသားတစုလုံးသည်သူ့လက်အောက်တွင်သစ္စာစောင့်သိဆုံး..ယုံကြည်အားကိုးရဆုံးအမှုထမ်းပင် Banyuကိုလည်း၁၂နှစ်သားအရွယ်ကတည်းကသူကိုယ်တိုင်လက်ရုံးရည်သင်ပေးထားသည်မို့ဘယ်သွားသွားBanyuတစ်ဦးတည်းကိုပဲခေါ်သွားလျှင်လုံလောက်သည်
ရာသီဥတုကလည်းသာသာယာယာပင် လေလေးတဖြူးဖြူးနှင့်ကောင်းကင်ကလည်းကြည်လင်နေသည် လက်ဝတ်တန်ဆာရောင်းသည့်ဆိုင်ကိုဖြတ်အလျှောက်ဆိုင်ကဇာမဏီငှက်ပုံကျောက်စိမ်းဆံထိုးလေးကသူ့အားမျက်စိကျစေသည် ထို့ကြောင့်ကောက်ယူကာကြည့်နေခိုက် ညာဘက်မျက်နှာကိုလာရောက်ဖုံးအုပ်တဲ့ပုဝါဖြူလေး.....