Zawgyi
ထယ်ယောင်းလည်းအဆိပ်ပန်းကန်ကိုတုန်ရီနေသောလက်ဖြင့်ကိုင်လိုက်သည် သို့သော်ထယ်ယောင်းလည်းလူသားတဦးပေမို့သေရမှာကြောက်ပါသည် အရှင်သာကျရှုံးခဲ့ပါကသူဒီလိုပဲအဆုံးသတ်ရမည်ဆိုတာသိပေမယ့်လက်တွေ့ဘဝတွင်တော့သူကြောက်ပါသည် နန်းတော်တစ်ခုလုံးသူ့ရဲ့နိမ့်ကျမှုကြောင့်အမြင်မကြည်တာသိပေမယ့် အရှင့်မျက်နှာတခုတည်းဖြင့်သူအရာအားလုံးကိုလျစ်လျူရှုထားသည်ကလွယ်ကူသည်မဟုတ်
နန်းတွင်းပွဲတော်ရက်တွင်တောင်သူ့အတွက်ထိုင်စရာခုံမရှိခဲ့ နန်းတော်ဥယျာဉ်ထဲလမ်းထွက်လျှောက်ရင်တောင်မိဖုရားခေါင်ကြီးနှင့်မယ်တော်ကြီးတို့ကိုထိပ်တိုက်တွေ့မည်စိုး၍ထယ်ယောင်းသူ့အဆောင်ကနေတောင်တဖဝါးမှမခွာခဲ့ပေ အဆောင်ထဲမှာသာတနေကုန်ပန်းလေးတွေထိုးသည်စာဖတ်သည် အရှင်လာမှသာအရှင်နဲ့လမ်းလျှောက်ထွက်တာတို့ဘာတို့လုပ်သည် တခါတလေထယ်ယောင်းရဲ့နေ့လည်စာသည်စားရမည့်အချိန်ထက်တော်တော်နောက်ကျမှရောက်သည် ရောက်လာလျှင်လည်းအသားဟင်းတောင်တခါတလေမပါပေ ထမင်းလည်းဝဝလင်လင်မစားရ ဒါတွေအားလုံးကိုအရှင့်အားပြောပြ၍ရပါသော်လည်းအရှင့်အားစိတ်မရှုပ်စေချင်ပါ....နန်းတွင်းထဲရောက်လျှင်ကောင်းကောင်းနေကောင်းကောင်းစားရသည်ဟူသောစကားကထယ်ယောင်းအတွက်မဟုတ်ခဲ့ဟန်တူပါရဲ့ တကယ့်တကယ်တော့နန်းတွင်းထဲမှာထယ်ယောင်းရဲ့ဘဝကဘုရင့်ရဲ့နှစ်သက်ယုယခြင်းကိုခံထားရသည့်လှောင်အိမ်ထဲကငှက်ကလေးတစ်ကောင်ထက်မပိုပေ
သူထိုအဆိပ်ခွက်ကိုငေးကြည့်နေတုန်းနန်းတွင်းအမှုထမ်းတစ်ယောက်ကပြေးလာလေသည်တနည်းစစ်မြေပြင်မှအခြေအနေကိုသတင်းပေးသည့်ခြေလျင်တော် သူလည်းမျှော်လင့်ချက်သေးသေးလေးတစ်ခုကိုဆုပ်ကိုင်ကာထိုအမှုထမ်းရဲ့ရောက်အလာကိုစောင့်နေလိုက်သည် ထိုအမှုထမ်းကားသူတို့အားလုံးကိုအရိုအသေပြုပြီးဒူးထောင်ထိုင်ချလိုက်လေသည်