Zawgyi
ဖတ်လက်စစာလွှာကိုဒေါသတကြီးနဲ့အားကုန်ပစ်ပေါက်လိုက်တော့အထိန်းတော်ကြီးနှင့်နန်းတွင်းအမှုထမ်းများကိုယ်ကတုန်လှုပ်သွားသည် ထိုင်ခုံပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီးမျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ထားလိုက်သည် အထိန်းတော်ကြီးကလည်းကျန်နန်းတွင်းသူအမှုထမ်းများကိုမျက်စပစ်ပြကာစာကြည့်ခန်းထဲကထွက်သွားခိုင်းလိုက်သည် ခဏကြာတော့ဂျောင်ကုထံမှရှိုက်သံထွက်လာကာကိုယ်တခုလုံးတုန်ယင်လာခဲ့သည်
"အရှင်..."
Jk-ကိုယ်တော်အခုဘယ်လိုလုပ်ရမလဲအထိန်းတော်ကြီး ....ထယ်ယောင်းကိုလေလွမ်းလွန်းလို့ရှုးမတတ်ဘဲ ကိုယ်တော်နောက်ဆုံးအချိန်ထိတောင်သူ့ကိုမကာကွယ်နိုင်ခဲ့ဘူး ကိုယ်တော်တတ်နိုင်တာလည်းဘာမှမရှိဘူးကိုယ်တော်ရင်တွေပေါက်ကွဲတော့မယ်
ဂျောင်ကုငယ်ငယ်ကတည်းကထိန်းခဲ့တဲ့အထိန်းတော်ကြီးမို့အကုန်ရင်ဖွင့်မိသည် ထယ်ယောင်းကိုထိမ်းမြားတုန်းကဘယ်သူမှသဘောမတူခဲ့သည့်အလျောက်အထိန်းတော်ကြီးတစ်ဦးသာသူ့ဘက်မှာရှိခဲ့သည် ထယ်ယောင်းကိုသူပိုးပမ်းပြီးခိုးတွေ့စဉ်ကလည်းအထိန်းတော်ကြီးသာအစစအရာရာကူညီပေးသည် ထို့
ကြောင့်လည်းအများရှေ့မှာထိန်းထားခဲ့တဲ့အရာအားလုံးကိုလွတ်ချကာရှိုက်ကြီးတငင်ရင်ကွဲမတတ်ငိုကြွေးမိသည်ငယ်ငယ်ကတည်းကသူ့လက်ပေါ်မှာပဲကြီးပြင်းခဲ့
သည့်အရှင့်ကိုသူ့မျက်လုံးထဲမှာကလေးလေးတစ်ယောက်ဟုမြင်မိနေတုန်းပင် အရှင်ဟာအရာရာမှာကြံ့ခိုင်သော်လည်းထယ်ယောင်းလေးနှင့်ပတ်သတ်သည့်အခါသိပ်ပျော့ညံ့သည် ယခုလည်းတခါမျှမျက်ရည်မကျဖူးသည့်အရှင်ကထယ်ယောင်းလေးအတွက်မျက်ရည်ကျသည်တဲ့ အရှင်ငိုတော့သူပါမျက်ရည်ကျမိသည် စိတ်ချပါအရှင် ကျွန်တော်တို့အသက်ဆုံးရှုံးမယ်ဆိုရင်တောင်အရှင့်အတွက်ထယ်ယောင်းလေးကိုရအောင်ခေါ်ထုတ်ပေးမယ်