Zawgyi
Yg-အော်....ပြန်တော့မလို့လား
ထယ်ယောင်းရဲ့မွေးနေ့ပွဲလည်းကျင်းပပြီးသွားပြီဖြစ်၍ဂျောင်ကုလည်းကိုယ့်ပြည်နယ်ကိုပြန်ရတော့မည်ဖြစ်သည် ထို့ကြောင့်ယွန်းဂီအားနှုတ်ဆက်ရန်လာရောက်တွေ့ဆုံခြင်း ယွန်းဂီလည်းသူ့ရှေ့ကချယ်ရီလက်ဖက်ရည်ကိုတငုံမှုတ်သောက်လိုက်ကာမျက်ခုံးပင့်ရင်းမေးလိုက်သည် ဂျောင်ကုလည်းသူပြန်မည့်အကြောင်းအသိပေးရုံသက်သက်သာဖြစ်၍လှည့်ထွက်ရန်ပြင်လိုက်သည် အင်း...သူတို့ဆက်ဆံရေးကလုံးဝကိုပျက်ပြားသွားပြီမဟုတ်ပါလား
Yg-မင်းမှာလူအင်အားဘယ်လောက်ရှိပြီလဲJeon
ဂျောင်ကုထိတ်ကနဲဖြစ်သွားကာတကိုယ်လုံးတောင့်တင်းသွားပြီးယွန်းဂီကိုအလန့်တကြားလှည့်ကြည့်လိုက်မိသည် ယွန်းဂီကခပ်အေးအေးပင်သောက်လက်စလက်ဖက်ရည်ခွက်လေးကိုစားပွဲပေါ်ပြန်ချကာနှုတ်ခမ်းတွန့်ရုံမျှပြုံးရင်းဂျောင်ကုအားကြည့်လာလေသည်
Yg-သဘက်ခါ....သဘက်ခါဒီနန်းတော်ထဲမှာပဲပြန်တွေ့ကြတာပေါ့ Jeon မင်းဘက်ကအင်အားဘယ်လောက်ရှိသလဲဆိုတာစိတ်မဝင်စားဘူးအရေးလည်းမပါဘူးလို့ငါထင်တယ် ဒီစစ်ပွဲကမင်းနဲ့ငါပဲသက်ဆိုင်တာမို့ငါတို့နှစ်ယောက်ပဲလက်ရည်ယှဉ်တိုက်မယ် ဒါမင်းဆီကနေထယ်ယောင်းကိုလုယူခဲ့အတွက်ငါပြန်ပေးတဲ့မျှတမှုပဲJeon
သူ့အားစူးစိုက်ကြည့်နေသောယွန်းဂီအားပြန်ကြည့်လိုက်ကာခပ်မြန်မြန်ပင်လှည့်ထွက်ခဲ့လိုက်သည် အခွင့်အရေးဆိုတာရတုန်းအမိအရယူထားသင့်သည်မလား ဒီတခါငါနိုင်စေရမယ်Minပြီးရင်ထယ်ယောင်းရဲ့သက်ဆိုင်သူအစစ်ကဘယ်သူလဲဆိုတာငါပြသပေးမယ် Min
အဟင်း.....မင်းကိုအခွင့်အရေးပေးလိုက်တယ်ဆိုပြီးဝမ်းသာမနေနဲ့ဦးJeon ဒါကမင်းရဲ့အဆုံးသတ်ပဲ မင်းရဲ့မနေ့ညကသာယာခဲ့တဲ့အချစ်နိဗ္ဗာန်ဘုံလေးအတွက်ပြန်ပေးဆပ်ဖို့ပြင်ထားJeon