Final

6.4K 555 75
                                    

Zawgyi

ရောက်​လာပြန်​ပြီဒီ​နေရာ....​ရေကန်​အကျယ်​ကြီးရယ်​သိပ်​လှတဲ့နန်း​ဆောင်​ကြီးရယ်​ သူ​ရောက်​​နေတဲ့ပတ်​ဝန်းကျင်​မှာလည်း​ရဲရဲနီ​နေတဲ့တောင်​ဇလပ်​ပင်​​တွေဝေလို့ ​မြေပြင်​​ပေါ်မှာ​​​တောင်​ကြွေကျ​နေတဲ့​တောင်​ဇလပ်​​တွေကြောင့်​​လျှောက်​နင်းသွားရမှာ​တောင်​မဝံ့ နန်း​ဆောင်​နာမည်​ကလည်း​တောင်​ဇလပ်​ပန်းငယ်​တဲ့ ​လေတချက်​အ​ဝေ့မှာသူ့မျက်​နှာထက်​ကိုလာ​ရောက်​ဖုံးအုပ်​တဲ့ဇာပုဝါဖြူလွလွ​လေးတထည်​ ဆွဲယူကာကြည့်​​တော့လည်းပုဝါထက်​မှာ​ရွှေ​ရောင်​ချည်​မျှင်​​လေး​တွေနဲ့​တောင်​ဇလပ်​ပန်းပုံ​လေး​တွေကိုလှလှပပ​သေ​သေသပ်​သပ်​ထိုးထား​လေရဲ့

ကျွန်​​တော်​တို့်ထပ်​ပြီးမ​တွေ့ကြရ​အောင်​Min ကျွန်​​တော့်​ကို​နောင်​သံသရာထိလိုက်​မရှာပါနဲ့ ကျွန်​​တော့်​ကို​မေ့လိုက်​ပါ ထပ်​မရှာပါနဲ့ ကျွန်​​တော်​တို့​တွေ့ဆုံမှုကိုဒီတိုင်းအိပ်​မက်​အရှည်​ကြီးမက်​ခဲ့တယ်​လို့ပဲယူဆကြရ​အောင်​Min

ဟုတ်​တယ်​ဒီအသံ....ဘယ်​သူ့အသံလဲ ထိုအသံ​ပိုင်​ရှင်​ကိုကျွန်​​တော်​ပတ်​ဝန်းကျင်​မှာလှည့်​ပတ်​ရှာမိသည်​ ထို့​နောက်​ဖြတ်​ကနဲမြင်​လိုက်​ရသည့်ရေကန်​နားကအဖြူ​ရောင်​အရိပ်​က​လေး လှည့်​ကြည့်​မိ​တော့အရာရာဟာမှုန်​ဝါးဝါးရယ်​ မျက်​နှာကို​သေချာမမြင်​ရဘူး ​ရွှေ​ရောင်​အနားကွပ်​ထားတဲ့ဝတ်​ရုံဖြူလွလွ​လေးကိုဝတ်​ဆင်​ထားတာ​တော့သိတယ်​ ထိုအရိပ်​က​လေးရဲမျက်​နှာ​လေးကို​သဲသဲကွဲကွဲမြင်​ချင်​တာမို့​ပြေးသွား​တော့နီးကပ်​မလာဘဲတ​ဖြေး​ဖြေးသာ​ဝေးကွာသွားတယ်​ ဒါ​ပေမယ့်​လည်းသူအ​မောတကာ​ပြေး​နေဆဲ ကိုယ်​သိပ်​မြင်​ချင်​​နေတဲ့မျက်​နှာ​လေးကိုမမြင်​ရ​တော့အားမလိုအားမရဖြစ်​တဲ့စိတ်​​ကြောင့်​ပဲလား ရင်​ထဲမှထွက်​လာတဲ့အသံ......

"​ယောင်းငယ်​"တဲ့.......ဒီနာမည်​ကိုသူသိပ်​ရင်းနှီးတယ်​ဒါ​ပေမယ့်​ဘာ​ကြောင့်​အကြာကြီး​မေ့​ပျောက်​​နေခဲ့တာလဲပြေး​နေတာကိုရပ်​ပြီးမျက်​ရည်​များဖြင့်​ထိုအရိပ်​က​လေးကိုကြည့်​​တော့တဖြည်းဖြည်းကြည်​လင်​လာတဲ့မြင်​ကွင်းရယ်​ သူသိပ်​မြတ်​နိုးရပါတဲ့မျက်​နှာ​လေးကပြုံးရွှင်​လို့ ​ဟော.....​ခေါင်းမှာသူကိုယ်​တိုင်​ပြုလုပ်​​ပေးထားတဲ့​​တောင်​ဇလပ်​​ရွှေဆံထိုး​လေး​တောင်​ပါ​သေး သူထိုအလှ​လေးကိုကြည့်​​နေတုန်းမှာပဲရုတ်​ချည်းဆိုသလိုဖြူလွလွဝတ်​ရုံကနီရဲရဲ​သွေးများစွန်းထင်​လာသည်​ သူ့မျက်​နိုးရာ​လေးကသူ့အားပြုံးပြ​နေစဲ ထို့​နောက်​မှာ​တော့ပါးစပ်​ထဲက​သွေး​တွေပွက်​ကနဲပွက်​ကနဲထွက်​လာကာလဲကျသွား​သောအဖြူ​ရောင်​ကိုယ်​ငယ်​​လေး

Evangeline Where stories live. Discover now